သင်စာ ဖတ်စာ - ၄, သဝေထိုး ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၉။ သင်စာ ဖတ်စာ - ၄, သဝေထိုး ခန်း

သင်စာ - ၄[edit]

သရ လင်္ကာ

သဝေထိုးခန်း

ေ - ေ -့ ေ - း
ဧ ၍ ဧ

ညီလေး ဘာတွေး ဟိုအဝေး
ဝေ ဝေ့ ဝေး
ဝေ ဝေ့ ဝေး
ညီမလေးကို ပန်းလက်ဆောင်ပေး
ပေ ပေ့ ပေး
ပေ ပေ့ ပေး
မစင်လျှင်ဆေး မသိလျှင်မေး
မေ မေ့ မေး
မေ မေ့ မေး

ဖတ်ပါ။ ကူးရေးပါ။

ငေ ငေ့ ငေး
တေ တေ့ တေး
နေ နေ့ နေး
ပေ ပေ့ ပေး
ဖေ ဖေ့ ဖေး
မေ မေ့ မေး
ရေ ရေ့ ရေး
လေ လေ့ လေး
ဝေ ဝေ့ ဝေး

ဖတ်ပါ။ ကူးရေးပါ။[edit]

နေ ရေဘူး ခရီးဝေး
ဈေး ညနေ စနေနေ့
ပေး ဈေးနေ့ လူကလေး
ငေး ပေးဝေ စပါးစေ့
လေ စာပေ အလေးထား
ရေ ယနေ့ စေတနာ

ဖတ်စာ - ၄[edit]

ဖတ်ပါ။ ကူးရေးပါ။

ပေးစာ

သား၏ ပေးစာ ရပါသည်။
ဖေဖေ မေမေ မာပါ၏။
သားဆီ အမေ စာရေးပါသည်။
ရာသီဥတု အေးလာပြီ။
သား မာပါစေ။
စနေနေ့ သားဆီ အဖေလာမည်။
ခရီး မဝေးပါ။
ညီမလေး ဆေးဝယ်ပေးထားသည်။
သားအား စေတနာထားသည်။
အဖေယူလာမည်။
သားညီမလေး စာပေ လေးစားသည်။
သားလည်း စာပေလေ့လာပါ။
စာပေမှ ဗဟုသုတ ရမည်။


၁။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) အမေသည် မည်သူ့ထံစာရေးသနည်း။
(ခ ) အဖေမည်သည့်နေ့တွင် သားထံသို့သွားမည်နည်း။

ရွတ်ဆိုရန်[edit]

လယ်စောင့်တဲ

မိုးရေ တက်ရေ တဖွေးဖွေး၊
ကွင်းကျယ် အဝေးဝေး။
လယ်စောင့်တဲလေး ခြေတံရှည်၊
မိုးကုပ်အောက်မှာတည်။
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်၊
တဲနှင့် ပနံတင့်။
မင်းသုဝဏ်
ပနံတင့် = လိုက်ဖက်တင့်တယ်သည်။


၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းပြောပြပါ။

သဝေထိုးလေ့ကျင့်ခန်းများ[edit]

၁။ ပုံနှင့် စာကို ယှဉ်တွဲပါ။
ရေဘူး
ညီလေး
နေ့
ဈေး
မေမေ

၂။ အဖြေမှန်ကို (✔)ခြစ်ပါ။
(၁) ယနေ့ ___ သာ၏။
နေ
ပေ
မေ
(၂) စာ ___ ပါ။
ယေး
ရေး
အေး
(၃) မေမေမာပါ ___။
ဇေ
စေ
ဆေ
(၄) ဖေဖေ့စကား သား ___ စား။
နေး
လေး
ပေး
(၅) ခရီး ___သည်။
လေး
ပေး
ဝေး