သင်စာ ဖတ်စာ - ၃, ချောင်းငင် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၈။ သင်စာ ဖတ်စာ - ၃, ချောင်းငင် ခန်း

သင်စာ - ၃[edit]

သရ လင်္ကာ

ချောင်းငင်ခန်း

-ု -ူ -ူး
ဥ ဦ ဦး

ရွတ်ဆိုရန်[edit]

ဘဲကလေး ရေမှာကူး
ကု ကူ ကူး
ကု ကူ ကူး
ရေကန်ထဲက ကြာငုံဖူး
ဖု ဖူ ဖူး
ဖု ဖူ ဖူး
ခရေပင်က ခရေပန်းခူး
ခု ခူ ခူး
ခု ခူ ခူး
လက်သည်းကြား အပ်ဖျားစူး
စု စူ စူး
စု စူ စူး
နှင်းဆီပင်မှာရှိတဲ့ ဆူး
ဆု ဆူ ဆူး
ဆု ဆူ ဆူး

ဖတ်ပါ။ ကူးရေးပါ။

ကု ကူ ကူး
ခု ခူ ခူး
စု စူ စူး
ဆု ဆူ ဆူး
တု တူ တူး
ထု ထူ ထူး
ပု ပူ ပူး
မု မူ မူး
လု လူ လူး

ဖတ်ပါ။ ကူးရေးပါ။[edit]

တူ ဘူးသီး ဘုရားဖူး
လူ ငုဝါ အတူတူ
ပူ အာလူး မိသားစု
အကူအညီ
ရာသီဥတု
အမူအရာ
လူထုအားကစား

ဦးသာထူး
ထီးယူလာသည်။
ရာသီဥတု ပူသလား။
လူစုလာပါ။
အကူအညီရမည်။
လူထုအားကစားလ
အတူတူ ကစားပါ။
အားကစား ပထမဆု
အတုယူစရာ။
ဆုလာယူပါ။

ဖတ်စာ - ၃[edit]

ဖတ်ပါ။ ကူးရေးပါ။

၁။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) ဦးသာထူးဘာကြောင့်ထီးယူလာသနည်း။

ချိုးကလေး[edit]

တနင်္ဂနွေ တနင်္လာ
ချိုးကလေး ကူသံသာ။
အင်္ဂါ ဗုဒ္ဓဟူး
ချိုးကလေး တကူ ကူး။
ကြာသပတေး သောကြာ
ချိုးကလေး မှန်မှန်လာ။
စနေမှာ မလာအား
ချိုးကလေး ပျံလို့သွား။
တင်မိုး

၁။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) ချိုးကလေးလာသောနေ့များကိုဖော်ပြပါ။
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ကြာသပတေး
သောကြာ
စနေ

ချောင်းငင်လေ့ကျင့်ခန်းများ[edit]

၁။ ရုပ်ပုံကို ကြည့်၍ မှန်သော စကားလုံးကို (✔)ခြစ်ပါ။
(၁) လူ၊ တူ (၄) တူ၊ ဆူး
(၂) ငါးခူ၊ စုဘူး (၅) အာလူး၊ ငုဝါ
(၃) ဘူးသီး၊ စာဥ

၂။ အဖြေမှန်ကို ဝိုင်းပါ။
(၁) ဘုရား ___ လာ၏။
ဘူး
ဖူး
ဗူး
(၂) ရာသီဥတု ___ သလား။
ပူ
ဗူ
ဘူ
(၃) ထီး ___ လာပါ။
ရူ
ယူ
တူ
(၄) တစ် ___ စီလာပါ။
အူ

ဦး
(၅) ပထမ ___ ရလာ၏။
စု
ဆု
တု