သင်စာ ဖတ်စာ - ၁၅, ကသတ် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၀။ သင်စာ ဖတ်စာ - ၁၅, ကသတ် ခန်း

သင်စာ - ၁၅[edit]

က သတ် ခန်း

- က်

ဖတ်ပါ။ ကူးရေးပါ။

ကက် ကျက် ကြက် ကွက် ငှက်
ခက် ချက် ခြက် ခွက် နှက်
စက် ပျက် ပြက် ထွက် ရှက်
ညက် မျက် ဖြက် ရွက် ညှက်
သက်လျက် မြက် သွက် ဝှက်

ဖတ်ပါ။ ကူးရေးပါ။[edit]

စက်ရုံ မျက်နှာ နက်ဖြန်ခါ မျက်မှန် ရွက်လှေ
ရက်ကန်းစင် သွက်လက် စာကျက် မြက်ခင်းပြင် တွက်ချက်
စွက်ဖက် လင်းကြက်တွန် ရောယှက် ပျက်ကွက် သီးနှံအထွက်တိုး
လက်ဖက် ကြက်သွန် စက်မှုလယ်ယာ ထွန်စက် နံနက်
မြေအိုးမြေခွက်

ဖတ်စာ - ၁၅[edit]

နံနက်ခင်း

နံနက် အရုဏ်တက်ချိန် လင်းကြက်တွန်ပြီ။ ကလတက်သံ ကြားရသည်။ အရီးခက် ဆွမ်းထချက်နေပြီ။ ငှက်ကလေးများ ပျံဝဲနေကြ၏။ မိုးစက်တို့ဖြင့် မြက်ခင်းများ စိမ်းစိုနေပါသည်။ နံနက်စောစော လမ်းလျှောက်ထွက်သူများ သွက်သွက်လက်လက် ရှိကြ၏။ ဘကြီးနက် ထွန်ယက်ရန် ထွန်ခြစ်ကို ဆွဲ၍ ထွက်သွားသည်။ မြေးလေး၏ စာကျက်နေသံ ကြားနေရ၏။ မောင်သာထက် စက်ရုံသို့ သွားသည်။ တက်တက်ကြွကြွ ရှိလှ၏။ ဖိုးဝက်နှင့် လင်းလက်တို့မောင်နှမ အတန်း မှန်မှန်တက်ကြပါ။ အတန်း မှန်မှန်တက် စာမခက် ဆိုရိုးစကားရှိပါသည်။ မပျက်မကွက် စာကိုကျက်ပါ။ အခက်အခဲ မရှိနိုင်ပါ။ ပညာထက်မြက်မှ ဂုဏ်တက်မည်။


၁။ အောက်ပါကွက်လပ်များကိုဖြည့်ပါ။
(က) ကလတက်သံ ___။
(ခ ) ငှက်ကလေးများ ___နေကြ၏။
(ဂ ) အတန်းမှန်မှန် ___။

၂။ အောက်ပါစကားလုံးများကို ကူးရေးပါ။
လင်းကြက်၊ မိုးစက်လေ၊ သွက်သွက်လက်လက်၊
ဆိုရိုးစကား၊ မပျက်မကွက်၊ ပညာထက်မြက်။

၃။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) အရီးခက်မည်သည့်အချိန်တွင်ဆွမ်းချက်သနည်း။
(ခ ) ဤဖတ်စာတွင်ပါဝင်သောမောင်နှမနှစ်ဦးအမည်ကိုဖော်ပြပါ။

က သတ်လေ့ကျင့်ခန်းများ[edit]

၁။ ပုံကို စာဖြင့် ဖော်ပြပါ။
၂။ ဥပမာ ပြထားသည့်အတိုင်း ယှဉ်တွဲပါ။
(က) ကျောင်းမှန်မှန်တက် ၁။ ဉာဏ်ထက်မြက်မည်။
(ခ ) အပျင်းမဖက်လျှင် ၂။ စာမခက်။
(ဂ ) ကြက်ငှက်မွေးလျှင် ၃။ အသက်ရှည်မည်။
(ဃ) အစာကို ညက်ညက်ဝါးလျှင် ၄။ ကျန်းမာရေးအတွက် ကောင်းမည်။
(င ) ကျန်းမာရေးကောင်းလျှင် ၅။ ဝင်ငွေ တိုးတက်လာမည်။

၃။ လိုအပ်သော စာလုံးဖြည့်ပါ။
(က) ___ ပင် (မျက်၊ မြက်)
(ခ ) ရက်ကန်း ___ (စဉ်၊ စင်)
(ဂ ) မ ___ မကွက် (ပျက်၊ ပြက်)
(ဃ) ထွန် ___ပါ။ (ရက်၊ ယက်)
(င ) လင်း ___တွန်သံ (ကျက်၊ ကြက်)