သင်စာ ဖတ်စာ - ၂၀, င သတ် ခန်းအဆက်

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၅။ သင်စာ ဖတ်စာ - ၂၀, င သတ် ခန်းအဆက်

သင်စာ - ၂၀[edit]

င သတ် ခန်း အဆက်

-ိုင် -ိုင့် -ိုင်း

ဖတ်ပါ။ ကူးရေးပါ။

ကိုင် ကိုင့် ကိုင်း ချိုင် ချိုင့် ချိုင်း
ခိုင် ခိုင့် ခိုင်း ပြိုင် ပြိုင့် ပြိုင်း
စိုင် စိုင့် စိုင်း မှိုင် မှိုင့် မှိုင်း
ဆိုင် ဆိုင့် ဆိုင်း လှိုင် လှိုင့် လှိုင်း
တိုင် တိုင့် တိုင်း
ထိုင် ထိုင့် ထိုင်း
နိုင် နိုင့် နိုင်း

ဖတ်ပါ။ ကူးရေးပါ။[edit]

ပြိုင်ပွဲ မွှေးကြိုင် လှောင်ချိုင့် ဖယောင်းတိုင်
ဆိုင်းဝိုင်း တိုင်းပြည် ပန်းခိုင် နိုင်ငံတော်
ဗိုင်းငင် ကြံ့ခိုင် ရေအိုင် တိုင်းရင်းသား
နှိုင်းယှဉ် တံတိုင်း ယှဉ်ပြိုင် ကူညီရိုင်းပင်း
တောမြိုင် ကိုင်းပင် နေထိုင်

ဖတ်စာ - ၂၀[edit]

တို့ပြည်ထောင်စု

မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားများ စုပေါင်း နေထိုင်ကြသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်ကြသည်။ တောင်ပေါ်၊ မြေပြန့်၊ ချိုင့်ဝှမ်း မခွဲခြားဘဲ အချင်းချင်း ကူညီရိုင်းပင်းကြပါသည်။ အခက်အခဲဟူသရွေ့ကိုတိုင်ပင်၍ညှိနှိုင်းဆောင်ရွက်ကြသည်။ ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ပျော်ပွဲရွှင်ပွဲများ မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပကြပါသည်။ ပြည်နယ်နှင့် တိုင်း မြို့တော်များ ခရိုင်မြို့ကြီးများတွင် ပြည်ထောင်စုပွဲများ ကျင်းပ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကိုအလေးပြုကြပါ သည်။ ပြည်ထောင်စုနေ့ကိုယနေ့တိုင်မမေ့နိုင်ပါ။



၁။ တို့ပြည်ထောင်စု အကြောင်းကို စုပေါင်းဖတ်ပြပါ။
၂။ မြန်မာနိုင်ငံတွင်နေထိုင်ကြသောတိုင်းရင်းသားများကိုရေးပြပါ။
၃။ အောက်ပါတို့ကို ပြောပြပါ။
(က) သင်သည် မည်သည့် တိုင်းရင်းသားဖြစ်သနည်း။
(ခ ) သင်၏ သူငယ်ချင်းများထဲ၌ မည်သည့် တိုင်းရင်းသားများ ပါဝင်သနည်း။
(ဂ ) မည်သည့် နေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်သနည်း။
၄။ ပြည်ထောင်စုဖွားတိုင်းရင်းသားများ မည်သို့ဆက်ဆံနေထိုင်သင့်သည်ကို ရေးသားဖြေဆိုပါ။

ရွတ်ဆိုရန်[edit]

အားကစား

ကျန်စစ်သားနဲ့ ဗန္ဓုလ
ဘောလုံး ကစားကြ၊
ဗန္ဓုလက နိုင် ..... နိုင်
ကျန်စစ်သားက နိုင် ..... နိုင်
အင်တိုက် အားတိုက်ပြိုင်၊
ယှဉ်ပြိုင်ခြင်းသာ အဓိက
ခင်ခင်မင်မင် ကစားကြ၊
ကျန်စစ်သားက တစ်ဂိုးနိုင်
အားပေးသံမြိုင်မြိုင်၊
အရှုံးအနိုင် မဆိုရ
အားကစားသာ အဓိက။
တင်မိုး



၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းပြောပြပါ။

လုံးကြီးတင် ချောင်းငင် ငသတ် လေ့ကျင့်ခန်းများ[edit]

၁။ အသင့်လျော်ဆုံး စကားလုံးကို ရွေးပါ။
(က) ခြင်သည် ___ မှ လာသည်။ (လှောင်ချိုင့်၊ အိုင်၊ လှိုင်း)
(ခ ) မိုး ___ ရွာပြီ။ (ဆိုင်ဆိုင်၊ ဖြိုင်ဖြိုင်၊ မြိုင်မြိုင်)
(ဂ ) မြေသြဇာ ___ ထည့်ပါ။ (ဆိုင်ဆိုင်၊ နိုင်နိုင်၊ ဖြိုင်ဖြိုင်)
(ဃ) အားကစား ယှဉ်ပြိုင်ရန် ___ ရမည်။ (ခိုင်မာ၊ ပိုင်နိုင်၊ ကြံ့ခိုင်)
(င ) အသီး ___ ပေါပြီ။ (ဆိုင်ဆိုင်၊ လှိုင်လှိုင်၊ မြိုင်မြိုင်)

၂။ ဖတ်ပါ။
အားကစား ပြိုင်ပွဲ
အားကစား ပြိုင်ပွဲ ကျင်းပမည်။
လူတိုင်းယှဉ်ပြိုင်ပါ။
ကျန်းမာ ကြံ့ခိုင်လာမည်။
နိုင်သူ ဆုရမည်။

ဖြေပါ။
(က) မည်သည့် ပြိုင်ပွဲ ကျင်းပမည်နည်း။
___
(ခ ) မည်သူများ ယှဉ်ပြိုင်ရမည်နည်း။
___
(ဂ ) ယှဉ်ပြိုင်ပါက ကျန်းမာ ကြံ့ခိုင်လာမည်လား။
___
(ဃ) မည်သူ ဆုရမည်နည်း။
___