သင်စာ ဖတ်စာ - ၂၁, စ သတ် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၆။ သင်စာ ဖတ်စာ - ၂၁, စ သတ် ခန်း

သင်စာ - ၂၁[edit]

စ သတ် ခန်း

- စ်

ဖတ်ပါ။ ကူးရေးပါ။

ကစ် ကျစ် ကြစ် ညှစ်
ခစ် ချစ် ခြစ် နှစ်
ဇစ် ပျစ် ပြစ် မျှစ်
တစ် ဖျစ် ဖြစ် ရှစ်
သစ် မျစ် မြစ် လှစ်

ဖတ်ပါ။ ကူးရေးပါ။[edit]

ချစ်ခင် အော်ဟစ် နှစ်သစ်ကူး
သစ်သီး မြစ်ချောင်း ပစ်တိုင်းထောင်
ဖွင့်လှစ် လစ်လပ် စစ်သည်တော်
ပြေပြစ် ကွမ်းအစ် ဆယ့်နှစ်လ
ခုနစ် ကျားသစ် ချစ်စရာ
မီးခြစ် စနစ် ပြည်တွင်းဖြစ်
လစ်ဟင်း

ဦးကျည်ပွေ့[edit]

ရှေးသရောအခါ ပုဂံပြည်တွင် ရဟန်းကြီးတစ်ပါးရှိသည်။ ထိုရဟန်းကြီးသည်
အသက် ခြောက်ဆယ်ပင် ရှိသော်လည်း စာမတတ်ချေ။

တစ်နေ့သော် ရဟန်းကြီးသည် မိမိနေ့စဉ် သုံးပြီး ပစ်ထားသော တံပူပုံကို
မြင်၍ ဤသို့ တွေးမိ၏။ ငါတစ်နေ့တစ်ချောင်းမျှ ပစ်ခဲ့သော တံပူတို့သည် ဤမျှ
များပြားလှပြီ။ ငါလည်း ငယ်စဉ်က စ၍တစ်နေ့ စာတစ်ကြောင်းကျ ကျက်မှတ်သွားပါက
ယခုအချိန်၌ ကျမ်းတတ် တစ်ဦးဖြစ်လောက်ပြီ။ ယနေ့မှ စ၍ ငါသည် စာအံတော့အံ့ဟု
ဆုံးဖြတ်၏။

ထို့နောက် ရဟန်းကြီးသည် နန်းတော်သို့သွား၍ကံ့ကူတံကို အလှူခံ၏။ ဘုရင်က
အရှင်ဘုရား၊ ဤအရွယ်ကျမှစာသင်လျှင် ကျည်ပွေ့အတက်ပေါက်မှ တတ်ပါလိမ့်မည်
ဟု ပြက်ရယ်ပြု၏။

ရဟန်းကြီးသည် ထိုနေ့မှစ၍ စာကို မနားမနေ ကျက်မှတ်၏။ ကာလအတန်
ကြာသော် ကျမ်းတတ်တစ်ဦး ဖြစ်လာ၏။

တစ်နေ့သော်ရဟန်းကြီးသည် သစ်ရွက်သစ်ခက်များဖြင့် စည်းထားသော
ကျည်ပွေ့တစ်ခုကိုင်ကာ ဘုရင့်ထံသို့ဝင်၏။ ဘုရင်က အကျိုးအကြောင်းကို မေးသော်
ကျည်ပွေ့အတက်ပေါက်ပြီဟု ရဟန်းကြီးက ပြန်ကြား၏။ ဘုရင်က ချီးကျူး၍ ရဟန်းကြီး
ကို ကိုးကွယ်ဆည်းကပ်လေသတည်း။ ဦးကျည်ပွေ့ဟူ၍ ထင်ရှား ကျော်ကြားလာသည်။

တံပူ = သွားကိုပွတ်တိုက်ရန်တမာကိုင်းစသည်ကိုသပ်ထားသောအချောင်းအတံ
ကံ့ကူတံ = ပုရပိုက်စသည်တွင်ရေးရသောကံ့ကူကျောက်အဆံတပ်ရန်အတံ


၁။ ပုံကို ကြည့်၍ ဖော်ပြပါ စာလုံးများ၏ အဓိပ္ပာယ်ကို ပြောပြပါ။
ရဟန်း၊ တံပူ၊ ကျမ်းတတ် ၊ စာအံ၊ ကံ.ကူတံ၊ ကျည်ပွေ့။
၂။ ပုံပြင်တွင်ပါရှိသော ရဟန်းကြီး၏ အမည်ကို ဖော်ပြပါ။
၃။ မည်သည့် အသက်အရွယ်တွင် ကျမ်းတတ်ရဟန်းကြီးတစ်ပါး ဖြစ်သနည်း။

ဖတ်စာ - ၂၁[edit]

နှစ်သစ်ကူး

နှစ်သစ်ကူးပွဲတော် ကျင်းပပြီ။ တန်ခူးလသည် ဆယ့်နှစ်လရာသီတွင် ပထမလဖြစ်၍ နှစ်သစ်ကူးလဖြစ်ပါသည်။ တန်ခူးလတွင် သင်္ကြန်ပွဲရှိသည်။ လူငယ်များ ရေသဘင်ပွဲတွင် နွှဲပျော်ကြသည်။ အချင်းချင်းချစ်ခင်စွာဖြင့်ယဉ်ယဉ်ကျေးကျေး စနစ်တကျ ရေကစားကြပါသည်။ ပိတောက်ပန်းများ ဝေဝေဆာဆာ ဖူးပွင့်ကြသည်။ ပျိုမေတစ်သင်းမှာ ပြည်တွင်းဖြစ်တူညီဝတ်စုံဖြင့် ယိမ်းကနေကြသည်။ ပြေပြစ်၍ ချစ်စရာ ကောင်းလှပါသည်။ လူကြီး မိဘ ဆရာသမားတို့ကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်းဖြင့် ပူဇော်ကြပါသည်။ နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ပရိတ်တရား နာကြားကြသည်။ လစ်ဟင်းမှု မရှိစေရပါ။ သာဓုခေါ်စရာ ကောင်းလှပါသည်။


၁။ နှစ်သစ်ကူး အကြောင်း ဖတ်ပြပါ။
၂။ အောက်ပါ မေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) တန်ခူးလတွင် ကျင်းပသော ပွဲအမည်ကို ပြောပြပါ။
(ခ ) တန်ခူးလတွင် ပွင့်သော ပန်းကို ပြောပြပါ။
၃။ သင်္ကြန်ပွဲတွင် သင်တွေ့ကြုံဖူးသည့် အကြောင်းအရာတစ်ခုခုကို ပြောပြပါ။