သင်စာ ဖတ်စာ - ၁၉, င သတ် ခန်း အဆက်

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၄။ သင်စာ ဖတ်စာ - ၁၉, င သတ် ခန်း အဆက်

သင်စာ - ၁၉[edit]

င သတ် ခန်း အဆက်

ေ -ာင် ေ -ာင့် ေ -ာင်း

ဖတ်ပါ။ ကူးရေးပါ။

ကောင် ကောင့် ကောင်း ကြောင်ကြောင့် ကြောင်း
စောင် စောင့် စောင်း နှောင် နှောင့် နှောင်း
ဆောင် ဆောင့် ဆောင်း ပြောင် ပြောင့် ပြောင်း
တောင် တောင့် တောင်း မြှောင် မြှောင့် မြှောင်း
ရောင် ရောင့် ရောင်း လှောင် လှောင့် လှောင်း
သောင် သောင့် သောင်း

ဖတ်ပါ။ ကူးရေးပါ။[edit]

ကြောင် ခေါင်းလောင်း စာသင်ကျောင်း စောင်း
ကျောင်းသား ဆောင်းရာသီ မောင်း စာကြောင်း
ပြည်ထောင်စု အောင်မြင် ဖြောင့်မှန် အလင်းရောင်
ပျော့ပျောင်း လောင်းလှေ ပြောင်းဖူးပင် ကောင်းကင်
ညီနောင် ချောင်းကလေး အပေါင်းအဖော်

ဖတ်စာ - ၁၉[edit]

ရွာသူကြီး ဦးဘကောင်း

ဒေါင့်ကြီးရွာ ရွာသူကြီးသည် ထောင်ထောင်မောင်းမောင်းနှင့် ကြည့်၍ ကောင်း၏။ သူ့အမည်မှာ ဦးဘကောင်း ဖြစ်သည်။ ဦးဘကောင်းသည် ရိုးဖြောင့်သူ ရွာသူကြီးဖြစ်ပါသည်။ အမျက်ဒေါသခြောင်းခြောင်းထွက်သူရွာသားများကို ဖျောင်းဖျ ပြောဆိုဆုံးမတတ်၏။ ရွာသားများကို နားဝင်ချိုအောင်ပြောဆိုတတ်၍ အများက ဦးဘကောင်း ပြောစကားကို နားထောင် လိုက်နာကြပါသည်။ လူငယ်ခေါင်းဆောင် မောင်သောင်းသည် ရွာအကျိုးဆောင်၏။ ရွာလူကြီးများက အများအကျိုးဆောင်သော မောင်သောင်းကိုအားထားယုံကြည်ကြသည်။ မောင်သောင်းသည် အများအကျိုး ဆောင် ကိုယ့်အကျိုးအောင်ရမည်ဟု ယုံကြည်သူဖြစ်သည်။ စုပေါင်းလယ်ယာကို ရွာသူရွာသားများစုပေါင်းဆောင်ရွက်ကြသည်။ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ စကားပုံမှာ မှန်လှပါသည်။ အစကောင်းမှ အနှောင်းသေချာဆိုရပါမည်။ စံပြကျေးရွာသည် အများအကျိုးကို စုပေါင်းဆောင်ရွက်၍ အကျိုးစီးပွားကြီးပွားဖြစ်ထွန်းလှပါသည်။



၁။ အောက်ပါမေးခွန်းများကိုဖြေပါ။
(က) လူငယ်အကျိုးဆောင်၏ အမည်ကိုရေးပါ။
(ခ ) ဦးဘကောင်းသည် ရိုးဖြောင့်သောရွာသူကြီး ဖြစ်ပါသလား။
၂။ ရွာသူကြီး ဦးဘကောင်း အကြောင်းကို ဖတ်ပြပါ။
၃။ ဒေါင့်ကြီးကျေးရွာ အကျိုးစီးပွား ဖြစ်ထွန်းရသည့် အဓိကအချက်ကို ပြောပြပါ။
၄။ စာပိုဒ်တွင်ပါသောစကားပုံများကိုရေးသားဖြေဆိုပါ။

သဝေထိုး ရေးချ ငသတ် လေ့ကျင့်ခန်းများ[edit]

၁။ ပုံအောက်တွင် ပေးထားသည့် စာလုံးများကို ပြန်စီပါ။ (နှုတ်ဖြေ)
ညီနောင်များတို့ စုပေါင်းညီညာ ကြိုးပမ်းပါ။

၂။ အမှန်ဆုံး စာလုံးကို ရွေးပါ။
(က) မျဉ်းကြောင်း ___၏။ (မှန်၊ ဖြောင့်၊ ကောင်း)
(ခ ) စာလုံးပေါင်း ___၏။ (မှန်၊ ဖြောင့်၊ ကောင်း)
(ဂ ) အရေးအသား ___၏။ (မှန်၊ ဖြောင့်၊ ကောင်း)

ကြိုးပမ်းပါ၊ ညီနောင်များတို့၊ စုပေါင်းညီညာ။
သန့်ရှင်းပါ၊ နေ့စဉ်၊ ရေအိုးစင်ကို
စာလုံးပေါင်း၊ ရေးပါ၊ မှန်အောင်
ချောင်းကလေးမှာ၊ လှော်ကြမည်၊ လောင်းလှေကို