သင်စာ ဖတ်စာ - ၂၃, လုံးကြီးတင် နသတ် မသတ် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၂၈။ သင်စာ ဖတ်စာ - ၂၃, လုံးကြီးတင် နသတ် မသတ် ခန်း

သင်စာ - ၂၃[edit]

လုံးကြီးတင် နသတ် မသတ် ခန်း

-ိန် -ိ န့် -ိန်း

-ိ မ် -ိ မ့် -ိ မ်း

ဖတ်ပါ။ ကူးရေးပါ။

ကိန် ကိန့် ကိန်း ကြိမ် ကြိမ့် ကြိမ်း
စိန် စိန့် စိန်း ငြိမ် ငြိမ့် ငြိမ်း
ထိန် ထိန့် ထိန်း ချိန် ချိန့် ချိန်း
မိန် မိန့် မိန်း ရှိန် ရှိန့် ရှိန်း
စိမ် စိမ့် စိမ်း
လိမ် လိမ့်လိမ်း
သိမ် သိမ့် သိမ်း

ဖတ်ပါ။ ကူးရေးပါ။[edit]

နေအိမ် ကြိမ်းမောင်း မိန့်ခွန်း ကထိန်ပွဲ
မိုးတိမ် မိုးခြိမ်း လေငြိမ် ပုသိမ်ထီး
ချိန်ခွင် လိမ္မာ အငြိမ့် အချိန်မီ
ကြိမ်ခြင်း ဖြီးလိမ်း ငြိမ့်ညောင်း ထိန်းသိမ်း
ချိန်းဆို ငြိမ်းချမ်း ပွဲသိမ်း ပျိုးစိမ်

ဖတ်စာ - ၂၃[edit]

မိုးဦးကျ

မိုးတစိမ့်စိမ့်ရွာနေသည်။ လေငြိမ်၍တော်သေး၏။ တစ်ကြိမ်တစ်ခါ လေအငြိမ့်တွင် သစ်ပင်များ ယိမ်းနွဲ့နေ၏။ မြက်ခင်းစိမ်းစိမ်းတို့ သိမ်မွေ့စွာ ယိမ်းက နေ၏။ ဦးဖိုးသိန်း အိမ်ထဲမှာ ဇိမ်ခံ၍မနေပါ။ လယ်ထဲသို့ အချိန်မှန် ဆင်းသည်။

ရေတိမ်သော လယ်ကွင်းများတွင် ငစိန်စပါးစိုက်မည်ဟု စိတ်ကူးထားသည်။ ဖိန်းနွှဲခါ ပျိုးစိမ်မည်။ ကောက်စိုက်ခေါင်း ဒေါ်ပိန်သေးကို ရက်ချိန်းပေးထားပြီ။ အချိန်ရှိခိုက် လုံ့လစိုက်ကြရပါမည်။ နောင်နှစ် ဒီအချိန် ပုသိမ်ပေါ်ဆန်းမွှေးစိုက်မည်။

၁။ အောက်ပါ စကားလုံးများကို ကူးရေးပါ။
မိုးဦးကျချိန်၊ မိုးလေဝသ၊ ရွာသွန်း၊ စိမ်းလန်း၊ ပုသိမ်မြို့၊
စိတ်ကူး၊ ဖိန်းနွှဲခါ၊ ရက်ချိန်း၊ ပိန်းပန်းပင်။

၂။ အောက်ပါ ဝါကျများကို ဖတ်ပြပါ။
(က) မိုးဦးကျချိန် မိုးလေဝသကို သတိထားရမည်။
(ခ ) မိုးရွာသွန်း၍ ပိန်းပန်းပင်များ စိမ်းလန်းနေ၏။
(ဂ ) ပေးထားသော ဝါကျမှ ကွက်လပ်ကို လေ့ကျင့်ခန်း (၂) မှ သင့်လျော်သော စကားလုံးဖြင့်ဖြည့်၍ ဖတ်ပြပါ။
ဖိန်းနွှဲခါ ပုသိမ်မြို့သို့ သွားမည်ဟု ___ ထားသည်။

၃။ အောက်ပါ မေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) လေအငြိမ့်တွင် သစ်ပင်များ ဘာဖြစ်နေသလဲ။
(ခ ) နောင်နှစ်ခါ မည်သည့်စပါး စိုက်မည်နည်း။

စည်းကမ်းချက် ၁၀ ချက်[edit]

၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ဝိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၄။ သန့်ရှင်းဖို့က စတုတ္ထ
၅။ အဝတ်အစားတတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အပြောအဆိုတတ်ဖို့က သတ္တမ
၈။ အသွားအလာတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းရှိဖို့က နဝမ
၁၀။ စာတတ်ဖို့က ဒသမ
တောင်မြို့ မဟာဂန္ဓာရဆရာတော်

ဝိနည်း = ရဟန်းများလိုက်နာရမည့်ကျင့်ဝတ်
အဝတ်အစားတတ်ဖို့က = အဝတ်ဝတ်တတ်ရန်၊ အစားစားတတ်ရန်


၁။ စည်းကမ်းချက်များကို ဖတ်ပါ။
၂။ အရေးကြီးဆုံး စည်းကမ်းချက်ကို ဖော်ပြပါ။
၃။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) စည်းကမ်းချက်များကိုမည်သူရေးသားခဲ့သနည်း။

သူငယ်ချင်းထံ ပေးစာ[edit]

စမ်းကောက်ရွာ
ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း
၄-၁၁-၂၀၀၉
သို့
မြကြာဖြူနှင့် သူငယ်ချင်း တစ်စု

သူငယ်ချင်းများထံကို သတိရစွာဖြင့်စာရေးလိုက်ပါတယ်။ ဒီနွေမှာ ဘကြီး လာခေါ်လို့ မူမူလိုက်သွားရတယ်။ ကျောင်းပိတ်ရက်မို့ မြကြာဖြူတို့ကို နှုတ်မဆက်ခဲ့ ရတာပါ။ အခုဘကြီးအိမ်ဆိုင်မှာဈေးကူရောင်းရင်းကျောင်းတက်နေပါတယ်။ ဒုတိယဆင့်မှာတက်ခွင့်ရပါတယ်။ ဆရာမက ရန်ကုန်သင်တန်းကအပြန်မှာ ချောင်းသာ စာသင်ဝိုင်းမှာတက်မယ့်အမည်စာရင်းယူလာပြတယ်။ မြကြာဖြူနဲ့ သူငယ်ချင်းများ အမည်ကိုတွေ့လိုက်ရလို့ ဒီစာကို ဝမ်းသာအားရရေးလိုက်တာပါ။ တို့သူငယ်ချင်းတစ်စု ကံကောင်းကြတယ်။ ကျန်တဲ့သူတွေအတွက်လည်း ကံကောင်းစေချင်ပါတယ်။ သင်တန်းသားတွေကို မနက်ထမင်းကျွေးပါတယ်။ မြေဖြူ၊ ကျောက်သင်ပုန်း၊ စာအုပ်၊ ခဲတံလည်း ပေးပါတယ်။ တို့တစ်တွေကျောင်းဆင်းရင် ဘုန်းကြီးကျောင်းဝင်း သန့်ရှင်းရေးလုပ်ကြတယ်။ သစ်ပင်၊ ပန်းပင်တွေ ရေလောင်းကြတယ်။ သောက်ရေ၊ သုံးရေခပ်ပေးကြတယ်။ ရွာထဲက အလှူရှင်အချို့ကလည်း ခဲတံ၊ စာအုပ်နဲ့ အဝတ် အထည်တွေလာပေးကြတယ်။ အာဟာရကျွေးကြတယ်။

မြကြာဖြူ စာပြန်ပါအုံး။ စာပြန်ရင် မြကြာဖြူတို့ စာသင်ဝိုင်းအကြောင်း ထည့်ရေးပေးပါနော်။

သူငယ်ချင်းတို့ မိသားစုကျန်းမာပါစေ
သူငယ်ချင်း မူမူ



၁။ ပေးစာကို ဖတ်ပြပါ။
၂။ သင်တန်းသားများရရှိသော အထောက်အပံ့ကိုပြောပြပါ။
၃။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) မြကြာဖြူသည် မည်သည့်ရွာတွင်နေထိုင်သနည်း။
(ခ ) ဖြူဖြူလုပ်ကိုင်သောအလုပ်ကိုဖော်ပြပါ။
(ဂ ) ဤဖတ်စာတွင်ပါဝင်သော ကျောင်းပြင်မူလတန်းပညာရေး စာသင်ဝိုင်း
ဖွင့်လှစ်သောကျေးရွာအမည်ကိုရေးသားဖော်ပြပါ။
(ဃ) မည်သူကမည်သူ့ထံသို့ရေးသောစာဖြစ်သနည်း။
၄။ သူငယ်ချင်း တစ်ဦးထံသို့ စာတစ်စောင်ရေးပါ။

ရွတ်ဆိုရန်[edit]

ဖိုးတောင်သူ တဲ

ချိုးနှစ်ကောင်
ထနောင်းပင် ညီနောင်က
လွမ်းအောင် ကူချွဲ။
ပန်တော်ဖြူ
ပင်မြက် နေစာထူလှ
ဖိုးတောင်သူ တဲ။
ရှေးကဗျာ

ပန်တော်ဖြူကို ^ ဒေါ်ဗျူ ^ဟုအသံထွက်ပါ။
ပန်တော်ဖြူ = မြက်တစ်မျိုးအမည်
နေစာ = မြက်တစ်မျိုးအမည်


၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းပြောပြပါ။
၃။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) ဤရုပ်ပုံတွင် ချိုးနှစ်ကောင်မည်သည့်နေရာတွင်နားနေသနည်း။
(ခ ) ထနောင်းပင်ညီနောင်ဆိုသည်မှာအဘယ်နည်း။ လေ့ကျင့်ခန်းများ
ဤစာအုပ်၏ရှေ့ပိုင်းသင်ခန်းစာတစ်မျိုးသင်ပြီးလျှင်
သက်ဆိုင်ရာ လေ့ကျင့်ခန်းကို ဆောင်ရွက်ရန်ဖြစ်သည်။
ရှေ့ပိုင်းရှိသင်ခန်းစာအားလုံးကိုသင်ပြီးမှ
ဤလေ့ကျင့်ခန်းများကိုအစအဆုံးဆောင်ရွက်ရန်မဟုတ်ပါ။

လုံးကြီးတင် နသတ် မသတ် လေ့ကျင့်ခန်းများ[edit]

၁။ ဖတ်ပါ။
ကထိန်ပွဲကြီး နီးလာပြီ။
ရက်ချိန်း မသေချာသေးပါ။
သေချာက အချိန်မီလာပါမည်။
အငြိမ့်ပွဲ ပါသလား
အငြိမ့်ပွဲ မပါပါ။
ဆိုင်းပါ ပါမည်။

ဖြေပါ။
(က) ကထိန် ရက်ချိန်း သေချာ သလား။ ___
(ခ ) ကထိန်မှာ အငြိမ့်ပွဲ ပါသလား။ ___
(ဂ ) ကထိန်မှာ ဆိုင်းပါသလား။ ___

၂။ ဝါကျဖွဲ့ပါ။
မိုးတိမ်၊ အိမ်၊ တငြိမ့်ငြိမ့်၊ စိမ်းလန်း၊ ဖြီးလိမ်း

၃။ ရွတ်ဆိုပါ။
ဟိုဘက် ကမ်းက မီးထိန်ထိန်
သည်ဘက် ကမ်းက မီးထိန်ထိန်
ဆီမီး ထိန်ထိန် လင်းပါတဲ့
မနှင်း တို့ အိမ်