မြန်မာစာ ကျွမ်းကျင်မှု လေ့ကျင့်ခန်းများ

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
မြန်မာစာ ကျွမ်းကျင်မှု လေ့ကျင့်ခန်းများ

၁။ ဆီလျော်သော စကားလုံးကို ရွေးချယ်၍ ဝါကျကို ပြည့်စုံအောင်ရေးပါ။
(က) တစ်ကိုယ်ရေ ___ (သန့်ရှင်း^ လှပ)မှု ကိုဂရုစိုက်ပါ။
(ခ ) အိပ်ရာထလျှင် မျက်နှာ ___ (ဆေးကြော^သစ်) ပါ။
(ဂ ) အမှိုက်များကို___ (အမှိုက်ပုံး^ရေမြောင်း)ထဲသို့ ___(စွန့်ပစ်^ လောင်းထည့်) ရမည်။
(ဃ) မြင်းများသည် ___ (ဟီ ^ ရယ်) ၍ ___ (ခုန်ပေါက်^ ကဆုန်ပေါက်) ပြေးနေသည်။
(င ) နံနက်ခင်း ___ (အရုဏ်တက်^နေဝင်ရီတရော)တွင် ကြက် ____ (တွန် ^အော်) သံကြားရသည်။

၂။ ပေးထားသော စာကြောင်းများကို ဖတ်၍ ခရီးသွားခြင်း ဟုတ်၊ မဟုတ် ဖြေပါ။

ခရီးသွားခြင်း

၁။ မောင်မောင်ကျောင်းသို့ စက်ဘီးဖြင့် သွားသည်။
၂။ ဦးဘ လယ်ထဲသို့ နွားလှည်းဖြင့် သွားသည်။
၃။ ပုဂံသို့ ကားဖြင့် ဘုရားဖူးသွားကြသည်။
၄။ ဘွားဘွားသည် ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသို့ သွားသည်။
၅။ နေမကောင်း၍ ဆေးခန်းသွားသည်။
၆။ ကျောင်းပိတ်လျှင် ဘိုးဘိုးဘွားဘွားတို့ ရွာသွား လည်ကြမည်။

၃။ 'ပေးစာ'

'ပေးစာ' တစ်စောင်ပါ စကားစု၊ ဝါကျများပေးထားသည်။
သေချာစွာ ဖတ်ပြီးအစီအစဉ် အထားအသို့မှန်အောင် စီစဉ်၍ ပြန်ရေးပြပါ။

ဟုတ် မဟုတ်

ဘိုးဘိုးနှင့် ဘွားဘွားခင်ဗျား -
ချစ်ရတဲ့မြေးလေး - စိုးစိုး
နေ့စွဲ။ ၂၈-၉-၂၀၀၉ - တနင်္လာနေ့
သီတင်းကျွတ်လဆန်း (၁၀)ရက်
- သီတင်းကျွတ် ကျောင်းပိတ်ရက် လာလည်ပါမည်။
- သား သတိရစွာဖြင့် စာရေးလိုက်ပါသည်။
- ဘူတာရုံမှာ လာကြိုနေပါနော်
- လပြည့်နေ့၌ မေမေ ညီမလေးတို့နှင့် လာပါမည်။

ဆယ့်နှစ်လရာသီ[edit]

တန်ခူး ကဆုန် နယုန်လ
အဖူးအငုံ အစုံပြ
ဝါဆို ဝါခေါင် တော်သလင်း
မြစ်နဒီတွင်း သင်ဖြူးခင်း
သီတင်းကျွတ် တန်ဆောင်မုန်း လနတ်တော်
ကောက်ဦးပေါ်လို့ မုန့်ဆန်းလှော်
ပြာသို့တပို့တွဲ လတပေါင်း
အားသစ်မာန်သစ် ရွက်သစ်လောင်း
နှစ်သစ်ကူးလို့ပြောင်း

(က) အချင်းချင်းအပြန်အလှန်ရွတ်ဆိုစေခြင်း
(ခ ) နားလည်သလိုပြန်ပြောပြစေခြင်း

အပြောနှင့်အရေး[edit]

ကဗျာကိုရွတ်ဆိုပါ။

တောင်တောရယ်သာ၊
မာလာက ငုံဖူး။
တစ်ပင်ကို နှစ်ပင်ယှက်တယ်၊
ကျေးငှက်က မြူး။
(ကဗျာပုံစံ)
နားလည်သလိုပြန်ပြောပါ။
နမူနာ။ တောင်တွေ တောတွေဟာ သာယာတယ်
အပြောဝါကျမှ အရေးဝါကျအဖြစ်ပြောင်းရေးပါ။
နမူနာ။ တောတောင်များသည် သာယာသည်။

ရုပ်ပြ စာစီစာကုံး[edit]

ပုံကိုကြည့်၍ စာကြောင်းဖွဲ့ပါ။
အိပ်ရာထ သွားတိုက် မျက်နှာသစ်
ကျွန်မသည် အိပ်ရာထပါသည်။ ___ ___
နံနက်စာစား အဝတ်လဲ ကျောင်းသွား
___ ___ ___
စာကြောင်းများကိုပြန်ကူးပါ။ ခေါင်းစဉ်ပေးပါ။

၄။ ဖတ်ပါ။ မည်သည့်လဖြစ်ကြောင်း ကွက်လပ်ဖြည့်ပါ။
မည်သည့်ပွဲတော်များကျင်းပကြသနည်း။ ရုပ်ပုံ ^ စာဖြင့် ဖော်ပြပါ။
(က) ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေ
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး
အတာကူးတဲ့လ တန် ___။
(ခ ) သူနိုင်ငါနိုင် တူယှဉ်ပြိုင်
မြစ်နဒီတွင်း သင်ဖြူးခင်းတော် ___။

(ဂ ) မြိုင်မြိုင်ဆိုင်ဆိုင် လတန် ___။
ပျော်မဆုံး မော်မဆုံး တန် ___။
မိုးလေကင်းလွတ် သီ___။

(ဃ) မြူနှင်းဖွေးဖွေး ဆင်ကာနွှဲ
အိုးစည်သံမစဲ စုပေါင်းနွှဲ
ချမ်းအေးပိုကဲ တ ___။

(င ) ပြေးခုန်ကျော်လွှား အားကစား
ပြည့်စွမ်းအားကို ဖြည့်ဖို့ရာ
ချိန်ခါရောက်လာ ဒီ ___။

၅။ ဆန့်ကျင်ဘက်စကားလုံးကိုရှာပြီး ယှဉ်တွဲပြပါ။
(က) ပူ ၁။ ဝေး
(ခ ) နု ၂။ ပျော့
(ဂ ) အမည်း ၃။ အေး
(ဃ) မာ ၄။ အဖြူ
(င ) နီး ၅။ ကြမ်း

၆။ (က) တ နှင့်စသော စကားလုံး (၁၀)လုံးကို ရေးသားပါ။ (ဥပမာ - တိုက်)
(ခ ) က နှင့်စသော စကားလုံး (၁၀)လုံးကို ရေးသားပါ။
(ဂ ) သ နှင့်စသော စကားလုံး (၁၀)လုံးကို ရေးသားပါ။

၇။ နေကြာ၊ အားကစား၊ ဆီးနှင်း၊ ပြိုင်ပွဲ စကားလုံးတစ်ခုစီအတွက် နမူနာတွင်
ပြထားသည့်အတိုင်း စကားလုံး၏ နောက်ဆုံးစာလုံးကို အသုံးပြု၍ စကားလုံး
အသစ်ကို ဖော်ထုတ်ပါ။ ဝါကျရေးဖွဲ့ပါ။

နမူနာ -
ယဉ်ကျေး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံကြပါ။
ကျေးညီနောင် မုန်တိုင်းတိုက်ခတ်သဖြင့် ကျေးညီနောင် ကွဲကွာသွားကြသည်။
နောင်တ မောင်လှသည် မိမိအမှားအတွက် နောင်တရနေသည်။
တလင်း တလင်းတွင် လယ်သမားများ စပါးနယ်နေကြသည်။
၈။ ဖော်ပြပါပုံကိုကြည့်၍ ဖြစ်ရပ်ကိုပြောပြပါ။


၉။ ဖတ်ပြီးဖြေပါ။
ရေတွင်းနား သွားသည်။ မမ ရေငင်နေသည်။ တွင်းရေ ကြည်လင်သည်။
ရောဂါကင်းဝေးပါစေ။ ခြင် မရှိစေရပါ။
နှုတ်မေး နှုတ်ဖြေ။

(က) ဘယ်ကို သွားသလဲ။
(ခ ) မမ ဘာလုပ်နေသလဲ။
(ဂ ) တွင်းရေ ကြည်လင်သလား။
(ဃ) ရောဂါကင်းရန် ဘာမရှိရဘူးလဲ။

၁၀။ ဖတ်ပြပါ။ အကျယ်ဖြန့်ရေးပါ။
ဥပမာ။ မင်္ဂလာ (မင်ဂလာ)
(က) လိမ္မာ (ဆ) အင်္ဂါ
(ခ ) လိမ္မော်သီး (ဇ ) ဗုဒ္ဓဟူး
(ဂ ) သင်္ဘောသီး (ဈ) မိတ္ထီလာ
(ဃ) စက္ကူ (ည) အင်္ဂလိပ်
(င ) တနင်္ဂနွေ (တ) သင်္ချာ
(စ ) တနင်္လာ (ထ) သင်္ကြန်

၁၁။ ရုပ်ပုံကိုကြည့်ပြီးဖြေပါ။
(က) သူတို့ ဘာလုပ်နေကြသလဲ။
___
(ခ ) ဘယ်နှဦးရှိသလဲ။
___
(ဂ ) ဘယ်နေရာမှာလဲ။
___
(ဃ) ဘယ်အချိန်လဲ။
___၁၀၃

(င) သူတို့ ဘာကြောင့်ပျော်နေကြတာလဲ။
___
အကြောင်းရင်း - ကစားနေလို့
- ကျန်းမာနေလို့
- ပါဝင်ခွင့်ရလို့

၁၂။ ပေးထားသောစကားလုံးများဖြင့် ဝါကျပြန်ရေးပြပါ။
နမူနာ - ကျွန်တော်သည် စာဖတ်ခြင်းကိုနှစ်သက်သည်။ (အလွန်)
ဖြေ - ကျွန်တော်သည် စာဖတ်ခြင်းကို အလွန်နှစ်သက်သည်။
(က) တူနှင့်လွှသည် ကိရိယာများဖြစ်သည်။ (လက်သမား)
___
(ခ ) ခုံကလေးသည် ခိုင်ခန့်သည်။ (ကျွန်းသား)
___
(ဂ ) စာအုပ်စင်တွင် စာအုပ်များစီပါ။ (ညီညီ ညာညာ)
___
(ဃ) မောင်မောင်သည်ကျောင်းလုပ်ငန်းများကိုဆောင်ရွက်သည်။ (ဖျတ်လတ်စွာ)
___

၁၃။ ကွက်လပ်ဖြည့်ပါ။
အမည် ___
အသက် ___
အဘ ___ အလုပ်အကိုင် ___
အမိ ___ အလုပ်အကိုင် ___
ရပ်^ရွာ ___
ညီအစ်ကိုမောင်နှမ___ ဦး
အတန်း ___
ကျား
မ၁



၁၄။ အထက်ဖော်ပြပါအချက်များကိုသုံး၍ ကျွန်ုပ်အကြောင်းခေါင်းစဉ်ဖြင့် စာ ၁၀ကြောင်း ခန့်ရေးပါ။
___
___
___
___
___
___
___
___
___
___


ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (မြန်မာ) ကပုံနှိပ်ပြီး
ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီက
အခမဲ့ဖြန့်ဝေသည်။