သင်စာ ဖတ်စာ - ၁၀, ဝဆွဲ ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၅။ သင်စာ ဖတ်စာ - ၁၀, ဝဆွဲ ခန်း

သင်စာ - ၁၀[edit]

ဝ ဆွဲ ခန်း

-ွ

ဖတ်ပါ။ ကူးရေးပါ။

ကွ ကွာ ကွား
ကွေ ကွေ့ ကွေး
ကွယ် ကွဲ့ ကွဲ
ခွ ခွာ ခွား
ခွေ ခွေ့ ခွေး
တွယ် တွဲ့ တွဲ

ဖတ်ပါ။ ကူးရေးပါ။[edit]

နွား ပလွေ ပုလဲသွယ် ထွေရာလေးပါး
ပွဲ ကျေးရွာ ခွေးကလေး အဘိုးအဘွား
အပူငွေ့ စားပွဲ သခွားသီး ငွေရေးကြေးရေး
နွေရာသီ ခွဲခွာ စီးပွားရေး စွယ်တော်ဘုရား
အဘွား ပလွေသံ မိုးတဖွဲဖွဲ
ရေနွေး မွေးမြူရေး အသွားအလာ
နွေဦး ရေနွေးအိုး နွားထိုးကြီးမြို့
သားဖွားဆရာမ

ဖတ်စာ - ၁၀[edit]

ရွာသာယာ

ဤရွာကလေး မကွာဝေးပါ။
အသွားအလာ ခရီးသည် များ၏။
မိုး တဖွဲဖွဲ ရွာနေပြီ။
နွားထိုးကြီးမြို့က လာကြသလား။
စွယ်တော်ဘုရား ဖူးကြ၏။
ငွေရေး ကြေးရေး အရေးကြီး၏။
စီးပွားရေး မွေးမြူရေး ဆွေးနွေးကြသည်။
သားဖွားဆရာမ လာသလား။
ရေနွေးအိုး ယူခဲ့ပြီ။
ကွမ်းအစ်လည်း ပါပါ၏။
ငယ်ရွယ်သူ မထွေး စေတနာကြွယ်၏။
မထွေးလေးတို့ရွာ ပလွေသံ သာ၏။
နွေဦးရာသီ ရွာသာယာသို့ လာဦးမည်။



၁။ အောက်ပါကွက်လပ်များကို ဖြည့်ပါ။
(က) မိုးတဖွဲဖွဲ ___။
(ခ) စွယ်တော်ဘုရား ___။
(ဂ) စီးပွားရေး ___။
(ဃ) ငယ်ရွယ်သူ ___။
(င) နွေဦးရာသီ ___။

၂။ အောက်ပါစကားလုံးများကို ဖတ်ပြပါ။
ငွေရေးကြေးရေး၊ သားဖွားဆရာမ၊ ငယ်ရွယ်သူ၊ နွားထိုးကြီးမြို့၊

၃။ မထွေးလေး၏မွေးဖွားရာ ဒေသအမည်ကိုပြောပြပါ။
၄။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) မထွေးလေး၏ရွာအမည်ကိုဖော်ပြပါ။
(ခ ) မထွေးလေး၏ရွာသည် မည်သည့်မြို့အနီးတွင်တည်ရှိသနည်း။

ရွတ်ဆိုရန်[edit]

သပြေသီးကောက်

ဝါဆိုဝါခေါင် ရေတွေကြီးလို့၊
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက၊
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့၊
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။
မင်းသုဝဏ်

ခရာ = အရွက်တွင်ဆူးရှိသော ရေငန်ပိုင်းအရပ်ပေါက်ပင်
အုန်းလက်နွား = အုန်းလက်ဖြင့်ပြုလုပ်ထားသော နွားသဏ္ဌာန်အရုပ်



၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်း ပြောပြပါ။
၃။ ဟန်အမူအရာဖြင့် ကဗျာကို ရွတ်ဆိုပါ။

ဝဆွဲလေ့ကျင့်ခန်း[edit]

၁။ အဖြေမှန်ကို (✔)ခြစ်ပါ။
(၁) ဆရာကန်တော့ပွဲ ___။ (၁) သွားသည်၊ ခွဲသည်
(၂) အသား ___။ (၂) ဖြူသည်၊ ပျော့သည်
(၃) ကလေး ___။ (၃) မွားသည်၊ ထွားသည်
(၄) နွား ___။ (၄) မွေးသည်၊ ဖွေးသည်
(၅) လူစု ___။ (၅) ကွဲသည်၊ နွဲသည်