သင်စာ ဖတ်စာ - ၁၂, ယပင့် ဝဆွဲ၊ ရရစ် ဝဆွဲ ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၇။ သင်စာ ဖတ်စာ - ၁၂, ယပင့် ဝဆွဲ၊ ရရစ် ဝဆွဲ ခန်း

သင်စာ - ၁၂[edit]

ယပင့် ဝဆွဲ၊ ရရစ် ဝဆွဲ ခန်း

-ျွ -ြွ

ဖတ်ပါ။ ကူးရေးပါ။

ကျွဲ ကျွဲနွား ငွေအကြွေ စပါးကြီးမြွေ
မြွေ ကျွေးမွေး ကြွေကရား မြွေပွေး
ပြွေ ချွေးကျ ချွေတာရေး အကျိအချွဲ
ချွေးမ ကြွေပန်းကန် ကြွေးကြော်
ငိုကြွေး ကျွဲကောသီး ကြွယ်ဝ
ကြွားဝါ ချွေးနှဲစာ

ဖတ်စာ - ၁၂[edit]

ချွေတာငွေစု ကောင်းကျိုးပြု

ရွာဦးကျောင်းဆရာတော် ကြွလာပြီ။
ဒေါ်ကြွယ်က ကြွပ်ကြွပ်ရွရွ အကြော်များ၏။
ကျေးရွာလူကြီးများလည်း ပါလာ၏။
ကျွေးမွေးရန် ကြွေပန်းကန်ထဲ ကျွဲကောသီးထည့်ခဲ့ပါ။
ဤရွာမှာ ကြွယ်ဝသူ ပေါများလှ၏။
ပထမဦးစွာ ဆရာတော်ဘုရားက ရွာသားများကို ချွေတာရေး တရားဟော၏။
ပြီးသည့်အခါ ကျေးရွာလူကြီးများ ကလည်း ချွေးနှဲစာကို ချွေတာဖို့ပြော၏။
ကြွားကြွားဝါဝါမနေကြရန် ပြော၏။
ကြွေးမြီကင်းစွာ နေကြရန် ဆုံးမ၏။
နောက်ဆုံးတွင် ချွေတာငွေစုကောင်းကျိုးပြုဟု ရွာသူ ရွာသားများ၏ ကြွေးကြော်သံ ဆူညံသွား၏။



၁။ အထက်ပါစာပိုဒ်ကို ဖတ်ပြပါ။
၂။ အထက်ပါစာပိုဒ်ကို ကူးရေးပါ။
၃။ ချွေးနှဲစာကို ချွေတာ၍ ရရှိလာသောငွေကို သင်မည်သို့ သုံးမည်နည်း။ ပြောပြပါ
၄။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) ကျေးရွာလူကြီးများ၏ဆုံးမစကားများထဲမှ တစ်ခုကိုဖော်ပြပါ။

ယပင့် ဝဆွဲ ရရစ် ဝဆွဲ လေ့ကျင့်ခန်းများ[edit]

၁။ အဖြေမှန်ကို (✔)ခြစ်ပါ။
(၁) အသီးများ ___ ကျလာပြီ။ (၁) ကြွေ၊ ကျွေ
(၂) ဆရာတော် ___ လာသည်။ (၂) ကြွ၊ ကျွ
(၃) အ ___ အမွေးလဲပါသည်။ (၃) ကြွေး၊ ကျွေး
(၄) နေရာတကာ ___ တာပါ။ (၄) ချွေ၊ ခြွေ
(၅) အ ___ မဝယ်ရ။ (၅) ကျွေး၊ ကြွေး

၂။ အစီအစဉ် မှန်အောင် ပြင်ရေးပါ။
(၁) ကြွလာပြီ။ ဆရာတော် ___
(၂) သွားရမည်။ ဆေးခန်း ___
(၃) ထွားသည်။ ကလေး ___
(၄) ပေါ၏။ ဘူးသီး ___
(၅) သတိထားပါ။ မြွေပွေး ___