ဗျည်းအမည်ပြလင်္ကာ ရွတ်ဆိုရန်

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁။ ဗျည်းအမည်ပြလင်္ကာ ရွတ်ဆိုရန်

ရွတ်ဆိုရန်[edit]

က ကဆုန်လ ရေသွန်းကြ
ခ ခရမ်းသီး အလွန်ကြီး
ဂ ဂနိုင် စုံတောမြိုင်
င ငရုတ်ပင် အသုံးဝင်
စ စပါး တို့အားထား
ဆ ဆရာမ စာသင်ပြ
ဇ ဇလွန်ဘုရား ဖူးစို့လား
ည ညအခါ လသာသာ
တ တလင်းဝယ် စပါးနယ်
ထ ထမနဲပွဲ တို့ဆင်နွှဲ
ဒ ဒရယ်လေး ဘေးမဲ့ပေး
ဓ ဓနိပင် အသုံးဝင်
န နဖားမှာ ကြိုးတပ်ပါ
ပ ပလောင် တို့ညီနောင်
ဖ ဖရုံပေါ တို့ယာတော
ဗ ဗလမောင် ကိုဖိုးအောင်
ဘ ဘဘ ရိုသေကြ
မ မမဝင်း လယ်ထဲဆင်း
ယ ယမင်းခင် ကကြိုးဆင်
ရ ရထား စီးလို့သွား
လ လမင်း ထိန်ထိန်လင်း
ဝ ဝလုံးလေး ဝိုင်းဝိုင်းရေး
သ သမင် တောကိုဝင်
ဟ ဟဟ ပါးစပ်ဟ။
အ အမေ မွေးမေမေ ကျေးဇူးကြီးလှပေ။