Page:ရွှေမန်းတင်မောင်.pdf/13

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရရှိသော စာတိုကလေး ဖြစ်သည်။ ဆို-တီး-က ကို စိတ်ဝင်စားနေမှန်းသိ၍ ဦးပဉ္စင်းက ပေးခြင်းဖြစ်သည်။ သူသည် ကံအားလျော်စွာ ရရှိသော လင်္ကာတိုကလေးကို တလုံးစီ ဖတ်ကြည့်ပြီး၊ တပိုဒ်စီ အဓိပ္ပါယ်ကို မေးကြည့်သည်။ ဦးပဉ္စင်းကလည်း သူတတ်သိ မှတ်မိသရွေ့ရှင်းပြသည်။ တင်မောင် ကျေနပ်လက်ခံနိုင်လောက်အောင်ကား တိကျခြင်း မရှိပေ။ ဦးပဉ္စင်းကလည်း သူ့ အဖြေကို ကောင်ကလေး သဘောမပေါက် ဖြစ်နေကြောင်း ကောင်းစွာသိသဖြင့် သူ့ သေတ္တာထဲမှာ ရွှေဘုံနိဒါန်း စာအုပ်ကို ထုတ်ပြီး တင်မောင်ကိုပင် အဖတ်ခိုင်းသည်။

ဇမ္ဗုသပြေပင်ကို လေလာ၍ ခတ်သည့်အသံ၊
အခက်အရွက်ချင်း ထိခိုက်သည့်အသံ၊
ဇမ္ဗုသပြေသီး ရေသို့ ကျသည့်အသံ၊
ရေမှ ပေါ်သည့် အသံတို့သည် မရှေးမနှောင်း ဖြစ်ကြ၍ သာယာနာပျော်ဘွယ် ရှိလေသည်များကို နှုန်းစံနှိုင်ရှည့်၍- တံရှည်, တံမြွာ, သပြေသာ, ခရာ, လင်းကွင်း များမှာ လေလာ၍ ပင်စည် အကိုင်းအခက်တို့ကို လေခိုက်သည့် အဟုန်၏ အသံ-
တံပိုး, ဒုံမင်း,မှာ အကိုင်းအခွ အကွေးအဝိုက်တို့ကို လေခတ်၍ မြည်သည့်အသံ-
ခရုသင်းမှာ မပြင်းမပြသော လေညှင်း လေညံ့၏ အသံ-
နှဲကြီး၊ နှဲငယ်များမှာ လေပြင်း လေဟုန်တွင် အခက်အရွက် တစုတအုပ်တည်း ပြီပြိုင်သဖြင့် မပြင်းမညံ့ မြည်သည့်အသံ-


၁၂