Page:ရွှေမန်းတင်မောင်.pdf/12

From Wikisource
Jump to navigation Jump to search
This page has been proofread.

ပုလိုင်းမယ်ငွေသည် တင်မောင့်အမေ ဒေါ်မေ၏ မောင်ကြီးဖြစ်၍ တင်မောင်၏ ဦးရီး ဖြစ်သည်။ သို့ကြောင့် သူ့ အကြောင်းကို သိသော ဦးပဉ္ဇင်းများက “ကြက်မှာအရိုး၊ လူမှအမျိုး”ဟု ဆိုရိုးစကားအတိုင်း အမျိုးနှင့် ဆက်စပ်၍ သူ၏ အသံနှင့် ဟန်အမူအရာကို ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

ကျောင်းနေဖက်များက တင်မောင်ကို အလုပ် မလုပ်ချင်သော လူပျင်းဟု ထင်ကြသည်။ မြက်ပေါက်၊ အမှိုက်ကြုံး အစရှိသော အလုပ်များကို အပင်ပမ်းခံ၍ မလုပ်သောကြောင့်ပင် ဖြစ်သည်။ တင်မောင်ကမူ မိမိကိုယ်ကို လူပျင်းလူပေါ့ဟု မထင်ချေ။ အလုပ်ဆိုသည်မှာ ရေခပ်၊ မြက်ပေါက်ခြင်းသာ မဟုတ်။ စာတက် စာအံ စာပြန်ခြင်း၊ သဘာဝကို ဉာဏ်မှီသရွေ့ လေ့လာခြင်း၊ စဉ်းစားတွေးတောနေခြင်းသည်လည်း အလုပ်ပင် ဖြစ်သည်ဟု ယူဆသည်။ အကယ်၍ သူတို့သည် အတွေးအခေါ် အမြော်အမြင် တို့ကိုလည်း အလုပ်ဟု ဝန်ခံပါလျှင် မိမိသည် သူတို့ထက်ပို၍ အလုပ်လုပ်သူဟု မရဲတရဲနှင့် ဆိုချင်လေသည်။ သူကား အငေးသမား အတွေးသမား။

ငါးစုံ သံလွင်၊ ပဉ္စင်တူရိယ၊
ခွက်ခွင်း စသည်၊ တီးကြ နောင်းနောင်း၊
ကြေးနင်း မောင်းလည်း၊ ညောင်းညောင်း ညုန်းညုန်း၊
မိုးနှယ် အုန်း၍၊ ချုန်းချုန်း ကျည်ကျည်၊
ခြိမ့်မျှမည်က........

တင်မောင်သည် စာပေဝါသနာပါသော ဦးပဉ္ဇင်း တပါးထံမှ


၁၁