Page:ရွှေမန်းတင်မောင်.pdf/14

From Wikisource
Jump to navigation Jump to search
This page has been proofread.

လက်ချပ်မှာ ရွက်ချင်း ခက်ချင်း ထိခိုက်ကြသည့် အသံ-

မြှောက်စည်မှာ ဇမ္ဗုသပြေသီးတို့သည် ရှေ့နောက် မရှေးမနှောင်း ကြွေကျသည့်အသံ-

စည်ဝန်းမှာ ဇမ္ဗုသပြေသီးတို့သည် အများအပြား တပြိုင်နက် ရေသို့ကျသည့်အသံ-

စည်ပြောမှာ ဇမ္ဗုသပြေသီး ရေမှ ပေါ်သည့်အသံ-

များကို သဒ္ဒသဏ္ဌာန်ပြု၍ တီးမှုတ်ဆောင်ရွက်ကြလေသည်။

တင်မောင်သည် စာအုပ်ကိုချကာ ဦးပဉ္စင်းကို ဦးချလေသည်။ ဤ ဦးချခြင်းမှာ ဘုန်းကြီး ဖြစ်သည့်အတွက် ချရိုးချစဉ်ချသော ဦးချခြင်းမျိုး မဟုတ်ချေ။ သူ သိချင်လှသော သဘောတရားကို ညွှန်ပြ၍ ကျေးဇူးတင် ဝမ်းသာစွာနှင့် ရှိခိုးလိုက်ခြင်း ဖြစ်လေသည်။ ဤတွင် သူသိချင်နေသော အချက်မှာ အဝိညာဏက ဘဘာဝမှ တူရိယာများ ဆင်းသက်လာသည့် အချက်ပင် ဖြစ်သည်။ သို့ကြောင့် တူရိယာတို့၏ မည်သံသည် သဘာဝ၏ အသံဆန်လေက သာ၍ ကောင်းပေမည်ဟု မသိမသာ တွေးကြည့်သည်။ သို့ကြောင့် မိုးလေသဲသော အခါမျိုးတွင် တင်မောင်သည် မြူးလာလျက် သီချင်းကိုသော်လည်း ကျူးတတ်သည်။ ထ၍သော်လည်း ကတတ်သည်။ မိုးသံလေသံသည် သူ့အတွက် သဘာဝ တူရိယာဂီတသံပင် ဖြစ်သသည်။

တင်မောင်သည် ဆယ်နှစ်သား အရွယ်တွင် ရှင်သာမဏေပြုသည်။ သူ၏ ငယ်ဆရာ ဦးနန္ဒဝံသက သင်္ကန်းဝတ်နှင့် မြဲပြီး စာချပုဂ္ဂိုလ်ဓမ္မကထိက ပုဂ္ဂိုလ်ဖြစ်စေလိုသည်။ သူ၏ ဉာဏ်စွမ်း


၁၃