Page:ရွှေမန်းတင်မောင်.pdf/15

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဉာဏ်စ သတ္တိဗျတ္တိ လုံ့လဝီရိယမျိုးဖြင့် စာပေပရိယတ္တိကို သင်ကြားလိုက်ရပါကထိတ်ထိတ်ကျဲ ဖြစ်လိမ့်မည်ဟု မျှော်လင့်တော်မူသည်။ သို့ရာတွင် တင်မောင်မှာ ဘုန်းကြီးဖြစ်ရန် ကံဇာတာ မပါချေ။ သူက ဆိုချင်ကချင်သည်။ အဆိုအကသည် သင်္ကန်းဝတ်နှင့် ဖီလာကျသည်။ မဆိုရ မကရလျှင် မနေနိုင်သူ တယောက်သည် သင်္ကန်းဝတ်နှင့်ကြာရှည်စွာ နေ၍ မဖြစ်ချေ။

တန်ဆောင်မုန်းလ ကထိန်ပွဲကျင်းပသောနေ့ တနေ့ဖြစ်လေသည်။ မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကထိန်ခင်းရာ၌ မန္တလေးမြို့ သည် အကြီးအကျယ်ဆုံးဖြစ်သည်။ကထိန် မခင်းသော ကျောင်းတိုက်မရှိသကဲ့သို့ ပင် ကထိန်ပွဲမခံသော ရပ်ကွက်လည်း မရှိချေ။ ရပ်ကွက်တို့သည် ကထိန်ပွဲဖြင့် အချင်းချင်း အခိုင် ပြိုင်ဆိုင်နေကြသည်။ ရပ်ကွက်များသို့ လှည့်လည် ကြည့်ရှုပါက လမ်းပေါ်တွင် တခမ်းတနား ပြင်ဆင်ထားသော ပဒေသာပင်များကို တွေ့ရမည်ဖြစ်လေသည်။

ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ရုပ်သေးပွဲ သို့မဟုတ် အရပ်ပွဲတခုခု ပါဝင်တတ်သည်။

ထိုနှစ် စကုတိုက် ကထိန်ပွဲတွင် စက်မြင်းယိမ်း ပါဝင်သည်။ စက်မြင်းယိမ်းကို စီစဉ်သူမှာ တင်မောင်၏ဘကြီး ဦးကေသရဖြစ်သည်။ ဘုန်းကြီး ဦးကေသရက အကြံဥာဏ်ပေးသည်။ စာရေးဆရာ ဦးထွန်းရက သင်ကြားပြသပေးသည်။ဘုန်းကြီး ဦးကေသရကား ဘာကိုဘဲလုပ်လုပ် တိကျပြတ်သားစွာနှင့် အပြီးသတ်ရောက်အောင်လုပ်တတ်သည်။ စာပေကိုသင်ကြားလျှင်လည်း ဓမ္မာစရိ


၁၄