Page:ရွှေမန်းတင်မောင်.pdf/16

From Wikisource
Jump to navigation Jump to search
This page has been proofread.

ယစာချဖြစ်အောင် သင်သည်။တရားဟောလျှင်လည်း ထွန်းထွန်းပေါက်ပေါက် ဟောပြောသည်။ ယခုအခါ စက်မြင်းယိမ်းကို စိတ်ဝင်စားနေသည်။ သို့ရာတွင် သူသည် ယိမ်းသားများကို စိတ်တိုင်းမကျလှသေးချေ။

စကု ကထိန်ပွဲတွင် သူ၏ စက်ရင်းယိမ်း ကနေသည်။ တင်မောင်မှာ မဏ္ဍပ်တိုင်ကို ဖက်ကာ ငေးမော စူးစိုက်ကြည့်ရှုနေသည်။ ကချင်လွန်းလို့ သွားရည်ကျနေခြင်းဖြစ်သည်။ ကချင်ရက် စက်စက်ယိုဖြစ်နေသော တင်မောင်၏ အသွင်ကို တွေ့မြင်ရသောအခါ အကင်းပါးလှသော ဦးကေသရက လှမ်း၍ ခေါ်သည်။

“မင်း ယိမ်းထဲဝင်မလား”

“တင်ပါ့ဘုရား ၊ကပါမယ်”

ဟန်ဆောင်၍ပင် မနေနိုင်ရှာပေ။ အမေး မဆုံးမီကပင် အဖြေပေးလိုက်လေသည်။ စက်မြင်းယိမ်းတွင် တင်မောင်မှာ ခေါင်း ဆောင်တယောက် မဟုတ်သေးချေ။ ယခုမှ ဝင်ခါစ အသစ်စက်စက်သာဖြစ်သည်။ သို့ရာတွင် ပွဲကြည့်ပရိသတ်ကမူ သူ့ကို ယိမ်းခေါင်းဆောင်ဟု ထင်နေကြ၏။ သူ၏ တခဏမျှဖြစ်သော အမှတ်အသားသည် ရက်ရှည်လများ လေ့လာသင်ကြားထားသူတို့ထက်သာနေသည်။ ထိုနေ့မှစ၍ ဦးကေသရသည် တင်မောင်အား စာရေးဆရာ ဦးထွန်းရထံ အပ်နှံပြီး ယိမ်းတတ်ပညာကို သင်ကြားစေလေသည်။


X


၁၅