ဘုန်းကြီးကျောင်း သွားကြမယ် -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၂) ဘုန်းကြီးကျောင်း သွားကြမယ် (ကျောင်းသားကိုင်သို့)
339263ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၂) ဘုန်းကြီးကျောင်း သွားကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

ဘုန်းကြီးကျောင်းသွားကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ မြင်ကွင်းကို ပြောပြတတ်စေရန်နှင့် ဘုန်းကြီးကျောင်းရောက်လျှင် ပြုမူနေထိုင်ရမည့် အပြုအမူတို့ကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဆေးရောင်ခြယ်ရန် ရုပ်ပုံများနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုန်းကြီးကျောင်းကို ရောက်ဖူးသလား၊ ဘုန်းကြီးကျောင်းမှာ ဘယ်သူတွေ ရှိသလဲ။ ဘယ်သူတွေနေကြသလဲ”စသည်ဖြင့် မေး၍ စာသင်ချိန်ကို စတင်ပါ။

֍အောက်ပါ ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။

-သံဃာတော်များ စာအံနေကြပုံ၊
-ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများ စကားပြောနေပုံ၊
-ဘုန်းကြီးကျောင်းအတွင်း သန့်ရှင်းရေး လုပ်နေကြပုံ၊
-ဆွမ်းပို့နေပုံ။

֍ဆေးခြယ်ပြီးသောအခါ ကလေးများအား “ဒီပုံတွေထဲကအတိုင်း အပြင်မှာ မြင်ဖူးလား၊ ပုံထဲမှာ ဘာတွေတွေ့လဲ၊ သူတို့ ဘာလုပ်နေကြတာလဲ”စသည့် မေးခွန်းများ မေးမြန်းပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း၏ မြင်ကွင်းများ၊ နေ့စဉ် လုပ်ငန်းဆောင်တာများကို ပြောပြပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကြီးကျောင်းကို သရုပ်ဖော်ထားသောပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သံဃာဆောင်၊ စေတီ၊ ဗောဓိပင်စသော သာသနိက အဆောက်အအုံများ၊ သံဃာ ကလေးတစ်ဦးချင်းစီအား တော်များ စာကျက်နေပုံ၊ ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများ စကားပြောနေပုံ၊ မေးပါ။ သံဃာတော်များ ကြည်ညိုဖွယ်ရာ ဆွမ်းဘုဉ်းပေးနေကြပုံ၊ ဒါယကာ၊ ဒါယိကာမများက ဆွမ်းကပ်နေပုံ စသော ကြည်ညိုဖွယ်ရာပုံများ ပါဝင်သည့် ဘုန်းကြီးကျောင်းကို သရုပ် ဖော်ထားသော ရုပ်ပုံတစ်ခုကို ကလေးများအားလုံး ကြည့်ရှုပါစေ။

֍ထိုရုပ်ပုံထဲရှိ တွေ့ သမျှပုံများကို ပြောဆိုစေပြီး ဘုန်းကြီးကျောင်းပုံရိပ်ကို သိရှိအောင် ပြုလုပ်ပေးပါ။

[သတိပြုရန် 1]

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

-လူတွေ ဘုန်းကြီးကျောင်းကို ဘာကြောင့်လာကြတယ် ထင်သလဲ။
- သားတို့၊ သမီးတို့ရော ဘုန်းကြီးကျောင်းလာရင် ဘာလုပ်မလဲ။

֍အထက်ပါ မေးခွန်းများကို မေးကာ ကလေးများကို အုပ်စုလိုက် ဝိုင်းဖွဲ့ ဆွေးနွေး၍ ဘုန်းကြီးကျောင်းတွင် မိမိပြုလုပ်မည့်အလုပ် ၃-ခုစီ သတ်မှတ်ခိုင်းပြီး အားလုံးကို ပြန်ပြောပြကြပါစေ။

֍ဘုန်းကြီးများသည် လူအများကို ကောင်းမှုပြုလုပ်စေခြင်းကြောင့် ဘုရားရှင်ကို ရှိခိုးကြ သကဲ့သို့ ဘုန်းကြီးများကိုလည်း ရှိခိုးရကြောင်း ပြောပြပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကြီးကျောင်း သွားကြမယ် ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို မီးရထားပုံစံ တွဲနေစေပြီး စာသင်ခန်းအတွင်း လှည့်ပတ်သွားစေရင်း အောက်ပါ “ဘုန်းကြီးကျောင်း သွားကြမယ်” ကဗျာကို ရွတ်ဆိုပါစေ။

ဘုန်းကြီးကျောင်း သွားကြမယ်

ဘုန်းဘုန်းကျောင်းကို
ဘွားဘွားသွားတော့၊
သားသားမီးမီး လိုက်ကြမယ်။
ပြောဆိုနေထိုင် လွန်ယဉ်ကျေးလို့၊
သန့်ရှင်းရေးလည်း လုပ်ပါ့မယ်။
ဘုန်းဘုရားကို ဦးနှိမ်ချလို့၊
လှူစရာများ လှူပါ့မယ်။
အလှူဒါန လှူပြီးက၊ အမျှ ပေးဝေမယ်။
ကျောင်းကို သွားက၊ ကုသိုလ်ရ၊
သွားကြ သွားကြမယ်။

  1. ကလေးတစ်ဦးချင်းစီအား မေးပါ။