ဘုန်းကြီးကျောင်း သွားကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၂။ ဘုန်းကြီးကျောင်း သွားကြမယ်
326571ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၂။ ဘုန်းကြီးကျောင်း သွားကြမယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

ဘုန်းကြီးကျောင်း သွားကြမယ်[edit]

ဘုန်းဘုန်းကျောင်းကို ဘွားဘွားသွားတော့၊
သားသားမီးမီး လိုက်ကြမယ်။
ပြောဆိုနေထိုင် လွန်ယဉ်ကျေးလို့၊
သန့်ရှင်းရေးလည်း လုပ်ပါ့မယ်။
ဘုန်းဘုရားကို ဦးနှိမ်ချလို့၊
လှူစရာများ လှူပါ့မယ်။
အလှူဒါန လှူပြီးက၊ အမျှ ပေးဝေမယ်။
ကျောင်းကိုသွားက ကုသိုလ်ရ၊
သွားကြ သွားကြမယ်။ ။