ပတ်ဝန်းကျင်သန့်ရှင်းရေး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၃။ ပတ်ဝန်းကျင်သန့်ရှင်းရေး
326572ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၃။ ပတ်ဝန်းကျင်သန့်ရှင်းရေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၃)

ပတ်ဝန်းကျင် သန့်ရှင်းရေး[edit]

တံမြက်စည်းလှည်းခြင်း၏ အကျိုး
ကိုယ့်စိတ် သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့ချစ်လျက်၊ နှစ်သက်ပျော်ရွှင်၊
လှကြောင်းကံနှင့်၊ နတ်ဖြစ်ဂုဏ်ရှင်၊
တံမြက်လှည်း၊ ရမြဲကျိုးငါးအင်။ ။

သန့်ရှင်းရေး[edit]

အမှိုက်တစ်စ တွေ့ ရှိက၊
ချက်ချင်းကောက်လိုက်ကြ။
သန့်ရှင်းကြမှ တို့ဝန်းကျင်၊ လှပ ရောဂါစင်..။
မြင်မြင်သမျှ ကြည်လင်အေး၊ စုပေါင်း သန့်ရှင်းရေး.....။ ။

ငှက်ပျောသီးခွံ[edit]

အောင်အောင်သည် အမှိုက်များကို ပစ်ချင်ရာ လျှောက်ပစ်တတ်သည်။

ကျောင်းပိတ်ရက်တွင် ပုပ္ပါးသို့ ဘုရားဖူးသွားကြရမည်ဖြစ်သောကြောင့် အောင်အောင်တို့မောင်နှမ ပျော်ရွှင်နေကြသည်။

မေမေက ငှက်ပျောခွံကို အမှိုက်ပုံးထဲ ပစ်ရန် ပြောသည်။ အောင်အောင်သည် နားမထောင်ဘဲ အိမ်အပြင်သို့ ပစ်ချလိုက်သည်။

အောင်အောင်တို့မောင်နှမ ကစားရန် ပြေးထွက်လာကြသည်။ ညီမလေးသည် ငှက်ပျောခွံကို တက်နင်းမိပြီး ချော်လဲ၍ လက်ကျိုးသွားသည်။

ပုပ္ပါးသို့ မသွားဖြစ်တော့သောကြောင့် အောင်အောင်တို့မောင်နှမ မပျော်ကြရတော့ပါ။