ဝိသာခါလေး

From Wikisource
Jump to navigation Jump to search
326573ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၄။ ဝိသာခါလေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄)

ဝိသာခါလေး

[edit]

ခုနစ်နှစ်အရွယ် ဝိသာခါလေးသည် လူကြီးမိဘများကို ရိုသေပြီး လိမ္မာယဉ်ကျေးသည်။

သူတို့မြို့သို့ ဘုရားရှင်ကြွလာသောအခါ သူငယ်ချင်းများနှင့်အတူ ဘုရားရှင်ကို သွားရောက်ဖူးမြော်ခဲ့သည်။

ဝိသာခါလေးနှင့် သူငယ်ချင်းများသည် ဘုရားရှင်ကို ရှိခိုးကြသည်။ ဘုရားရှင် တရားဟောသော အခါ ရိုရိုသေသေ နာယူကြပြီး တရားတော်ကို နှစ်သက်သွားခဲ့ကြသည်။

ဝိသာခါ လေးသည် ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းသို့ သွား၍ သီလဆောက်တည်သည်။ ကုသိုလ်ကောင်းမှုများ အမြဲပြုလုပ်သည်။ ဝိသာခါလေးကို မိဘ၊ ဘိုးဘွား၊ ဆရာသမား များနှင့် သူငယ်ချင်းအားလုံးက အလွန်ချစ်ခင်ကြသည်။

ဝိသာခါလေး

[edit]

သမီးအလိမ္မာ ဝိသာခါ၊
နေ့စဉ် တရားနာ။
သီလယူကာ ကုသိုလ်ပွား၊
ချစ်သူခင်သူများ။ ။
ဘုန်းကြီးကျောင်းကို သွားတဲ့ခါ၊
သူငယ်ချင်းလည်းပါ။
ဘိုးဘွားတို့မှာ ချစ်ခင်ကြ၊
အမြဲပျော်ရွှင်ရ။ ။