ဇနကမင်းသားလေး

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၅။ ဇနကမင်းသားလေး
326574ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၅။ ဇနကမင်းသားလေးဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၅)

ဇနကမင်းသားလေး[edit]

ဇနကမင်းသားလေး အသက် (၁၆) နှစ်အရွယ်တွင် အတတ်ပညာမျိုးစုံကို တတ်မြောက်ကျွမ်းကျင်ခဲ့သည်။

ကြီးပွားအောင်မြင်ရန် မိခင်ထံ ခွင့်တောင်းပြီး ပင်လယ်ခရီး ထွက်ခဲ့သည်။

မုန်တိုင်းမိပြီး သင်္ဘောနစ်မြုပ် သွားသောအခါ ရွက်တိုင်ထိပ်မှ ခုန်ချပြီး ဇွဲကောင်းကောင်းနှင့် ခုနစ်ရက်ကြာအောင် ပင်လယ်ပြင်တွင် လက်ပစ်ကူးနေတော့သည်။

ဇွဲကောင်းလှသော ဇနကမင်းသားလေးအား မေခလာနတ်သမီးက ကယ်တင်ခဲ့သည်။

ဇနကမင်းသား ဘုရားအလောင်းတော်[edit]

ဘုရားအလောင်း ဘုရားအလောင်း၊
ဝီရိယကောင်းတဲ့ ဘုရားအလောင်း။
ဘုရားအလောင်းရဲ့ သူ့နံမယ်(နာမည်)၊
ဇနကလို့ ခေါ်ပါတယ်။
ပင်လယ်ထဲမှာ လက်ပစ်ကူး၊
ဇွဲသတ္တိက ထူး။ ။
ချီးကျူးထိုက်တဲ့ သူ့လိုကွယ်။
တို့တွေ ကြိုးစားမယ်။
ပျင်းတယ်ဆိုတာ တို့အနား၊
မလာခဲ့နဲ့ သွား။ ။