ကိုရင်လေးရာဟုလာ

From Wikisource
Jump to navigation Jump to search
326570ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၁၁။ ကိုရင်လေးရာဟုလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၁)

ကိုရင်လေးရာဟုလာ

[edit]

ဘုရားရှင်သည် သားတော်ရာဟုလာကို ခုနစ်နှစ်အရွယ်မှာပင် ကိုရင်ဝတ်ပေးတော်မူခဲ့သည်။

ကိုရင်လေးရာဟုလာသည် ဆရာများ၏ ဆုံးမစကားကို ရိုရိုသေသေ အမြဲနားထောင်တတ်သည်။

နေ့စဉ် အိပ်ရာထတိုင်း လက်ကလေးဖြင့် သဲကို ဆုပ်ကာ “မြတ်စွာဘုရားနှင့် ဆရာသမားတို့ထံမှ ဤသဲတစ်ဆုပ်စာ လောက်အထိ များပြားသော ဆုံးမစကားကို နာယူချင်ပါ၏” ဟု မျှော်လင့်ရှာလေသည်။

ကိုရင်လေးရာဟုလာသည် ဘုရားသားတော်ဖြစ်သော်လည်း မာန်မာနမကြီးပေ။ ကျောင်းဝင်း အတွင်း၌ နေ့စဉ်နေ့တိုင်း သန့်ရှင်းရေး လုပ်လေ့ရှိပါသည်။

ကိုရင်ကလေး ရာဟုလာ

[edit]

ကိုရင်ကလေး ရာဟုလာ၊
ဘုရားသားတော်ပါ။
ဘုရားသားတော် ဖြစ်ပေမယ့်၊
မမော်ကြွားဘူးကွဲ။ ။
သူ့လက်ကလေးနဲ့ သဲဆုပ်ကာ၊
သြဝါဒ မျှော်ရှာ။
ဒီသဲပမာ ဩဝါဒ၊
ရရင် ကောင်းလေစွ။ ။ ။