Page:UN Charter (Burmese translation).djvu/60

From Wikisource
Jump to navigation Jump to search
This page has been proofread.
အပိုဒ် - ၆၃။

၁။ အမှုတွင် သက်ဆိုင်ပါဝင်သည့် နိုင်ငံများမှ တပါး အခြားနိုင်ငံများ ပါဝင်သော သဘောတူစာချုပ် အဓိပ္ပာယ် ကောက်ယူမှုနှင့်စပ်လျဉ်း၍ ပြဿနာ ပေါ်ပေါက်လာသည့်အခါ မော်ကွန်းထိန်းအရာရှိသည် အဆိုပါ နိုင်ငံအားလုံးကို ချက်ခြင်း အကြောင်းကြားရမည်။

၂။ ထိုသို့ အကြောင်းကြားခံရသော နိုင်ငံအသီးသီးသည် အမှုတွင် ကြားဝင်ဆောင်ရွက်နိုင်သည့် အခွင့်အရေးရှိသည်။ သို့ရာတွင် ထိုနိုင်ငံသည် ဤအခွင့်အရေးကို သုံးစွဲလျှင် စီရင်ချက်တွင်ပါရှိသည့် အဓိပ္ပာယ်ကောက်ယူချက်အတိုင်း အမူသည်နိုင်ငံများနည်းတူ လိုက်နာဆောင်ရွက်ရမည့် တာဝန်ရှိသည်။

အပိုဒ် - ၆၄။

တရားရုံးက အခြားနည်းဖြင့် မဆုံးဖြတ်လျှင် အမှုသည် နိုင်ငံအသီးသီးသည် မိမိ၏ ကုန်ကျစရိတ်ကို မိမိကပင် ကျခံရမည်။


အခန်း(၄) -
အကြံပေးထင်မြင်ချက်များ

အပိုဒ် - ၆၅။

၁။ တရားရုံးသည် ဥပဒေနှင့် ဆိုင်သော ပြဿနာ တစ်ခုခုနှင့် စပ်လျဉ်း၍ အကြံပေးထင်မြင်ချက်ကို တောင်းဆိုရန် အလို့ငှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပဋိညာဉ်စာချုပ်အရသော်လည်းကောင်း၊ ထိုစာချုပ်နှင့်အညီ သော်လည်းကောင်း၊ အခွင့်အာဏာအပ်နှင်းခြင်းခံရသော မည်သည် အဖွဲ့ကမဆို တောင်းဆိုလျှင် ယင်းသို့ တောင်းဆိုသည်အတိုင်း အကြံပေး ထင်မြင်ချက်ပေးနိုင်သည်။

၂။ တရားရုံး၏ အကြံပေးထင်မြင်ချက်ကို တောင်းဆိုရန်အလို့ငှာ တရားရုံးသို့ တင်သွင်းသည့် ပြဿနာများကို စာဖြင့် ရေးသားတင်သွင်းရမည်။ ထိုစာတွင် ထင်မြင်ချက်များပေးစေလိုသည့် ပြဿနာကို အတိအကျ ဖော်ပြရမည့်ပြင် ထိုစာနှင့်အတူ ယင်းပြဿနာကို ထင်ရှားပေါ်လွင် စေဘွယ်ရာ အကြောင်းရှိသည် စာတမ်းအမှတ်အသား အားလုံးလည်း ပူးတွဲပါရှိ စေရမည်။

အပိုဒ် - ၆၆။

၁။ မော်ကွန်းထိန်းအရာရှိသည် သို့အကြံပေးထင်မြင်ချက် တောင်းဆိုကြောင်းကို တရားရုံးသို့ လာရောက် ဆိုင်ဆိုခွင့်ရှိသည့် နိုင်ငံအားလုံးသို့ ချက်ခြင်း အကြောင်းကြားရမည်။

၂။ ထို့ပြင် တရားရုံးသို့ လာရောက်ဆိုင်ဆိုခွင့်ရှိသည့် နိုင်ငံတစ်နိုင်ငံအားသော်လည်ကောင်း၊ အဆိုပါ ပြဿနာနှင့် စပ်လျဉ်းသည့် အကြောင်းအရာ အချက်အလက်များကို ဖော်ပြနိုင်ဖွယ်ရှိသည်ဟု တရားရုံးကဖြစ်စေ၊ တရားရုံးမထိုင်လျှင် ဥက္ကဋ္ဌက ဖြစ်စေ ယူဆသည့်