Page:UN Charter (Burmese translation).djvu/58

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဥပဒေကြောင်းအရ လည်းကောင်း၊ အခြေအမြစ် ခိုင်လုံကြောင်းကိုလည်း ရှေးဦးစွာ ယုံကြည်ကျေနပ်နိုင်ခြင်းရှိရမည်။

အပိုဒ် - ၅၄။

၁။ တရားရုံး၏ ကြီးကြပ်အုပ်ချုပ်မှုကို နာခံ၍ ကိုယ်စားလှယ်များ၊ ရှေ့နေရှေ့ရပ်များက အမှုကို လျှောက်လဲပြီးသောအခါ ဥက္ကဋ္ဌသည် အမှုကြားနာစစ်ဆေးပြီးကြောင်း ကြေညာရမည်။

၂။ တရားရုံးသည် စီရင်ချက်ချမှတ်ရန်အတွက် စဉ်းစားခန်းဝင်ရမည်။

၃။ တရားရုံး၏ ဆင်ခြင်ဆွေးနွေးချက်များကို တရားသူကြီး အချင်းချင်းသာလျှင် စဉ်းစားခန်းတွင် ပြုလုပ်၍ လျှို့ ဝှက်စွာ ထားရှိရမည်။

အပိုဒ် - ၅၅။

၁။ အရပ်ရပ်ပြဿနာများနှင့် စပ်လျဉ်း၍ တရားရုံး၏ဆုံးဖြတ်ချက်များကို တရားခွင်ရှိ တရားသူကြီးများ၏ မဲများရာဖြင့် ချမှတ်ရမည်။

၂။ မဲအရေအတွက်ချင်း တူညီနေလျှင် ဥက္ကဋ္ဌက သို့မဟုတ် ဥက္ကဋ္ဌ၏ နေရာတွင် ဆောင်ရွက်သည့် တရားသူကြီးက အနိုင်မဲ ပေးရမည်။

အပိုဒ် - ၅၆။

၁။ စီရင်ချက်တွင် ၎င်းကို မည်သည့် အကြောင်းအချက်များပေါ် အခြေပြု၍ ချမှတ်ထားကြောင်း ဖော်ပြရမည်။

၂။ စီရင်ချက်တွင် အဆုံးအဖြတ်ပြုရာ၌ ပါဝင်သော တရားသူကြီးများ၏ အမည်များပါရှိစေရမည်။

အပိုဒ် - ၅၇။

စီရင်ချက် တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသတွင် တရားသူကြီး အားလုံး၏ သဘောတူယူဆသော ထင်မြင်ချက်ကို ဖော်ပြခြင်းမရှိခဲ့လျှင် မည်သည့် တရားသူကြီးမဆို သီးခြား ထင်မြင်ချက်ကို ပေးပိုင်ခွင့်ရှိရမည်။

အပိုဒ် - ၅၈။

စီရင်ချက်ကို ဥက္ကဋ္ဌ နှင့် မော်ကွန်းထိန်းအရာရှိတို့က လက်မှတ်ရေးထိုး ရမည်။ ထိုစီရင်ချက်ကို ဆိုင်ရာ ကိုယ်စားလှယ် များအား ထိုက်သင့်သလို အကြောင်းကြားပြီးနောက် တရားရုံးတွင် လူသိရှင်ကြား ဖတ်ကြားရမည်။

အပိုဒ် - ၅၉။

တရားရုံး၏ ဆုံးဖြတ်ချက်သည် သက်ဆိုင်ရာအမှုသည် နိုင်ငံများ အတွက်သာ အတည်ဖြစ်၍ ထိုသီးခြား အမှုတစ်ခု တည်းနှင့်သာ သက်ဆိုင်သည်။