Page:UN Charter (Burmese translation).djvu/34

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အခန်း (၁၃) -
နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီ

ဖွဲ့စည်းပုံ
အပိုဒ် ၈၆။

၁။ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီတွင် အောက်ပါ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၀င် နိုင်ငံများ ပါဝင်ရမည် -

(က) အထိန်းသိမ်းခံ နယ်ပယ်ဒေသများကို အုပ်ချုပ်ရသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ။
(ခ) အထိန်းသိမ်းခံနယ်ပယ်ဒေသများကို အုပ်ချုပ်ခြင်းမပြုသည့် အပိုဒ် ၂၃ တွင် အမည်ဖော်ပြထားသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ။
ထို့ပြင်
(ဂ) နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီဝင်နိုင်ငံ အရေအတွက် စုစုပေါင်းကို အထိန်းသိမ်းခံနယ်ပယ်ဒေသများကို အုပ်ချုပ်ရသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် မအုပ်ချုပ်ရသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအား တစ်ဝက်စီအညီအမျှခွဲဝေပေးနိုင်ခြင်းငှာ လိုအပ်သည့်အတိုင်း အထွေထွေညီလာခံက သုံးနှစ် သက်တမ်းအကွက် ရွေးကောက် တင်မြှောက်ထားသော အခြား ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ။

၂။ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီဝင် နိုင်ငံအသီးသီးသည် ကောင်စီတွင် မိမိကိုယ်စား ပါဝင် ဆောင်ရွက်ရန် အထူးအရည်အချင်းနှင့် ပြည်စုံသည့် ပုဂ္ဂိုလ်တစ်ဦးကို ခန့်ထားရမည်။


အလုပ်ဝတ္တရားနှင့် အာဏာများ
အပိုဒ် ၈၇။

အထွေထွေညီလာခံနှင့် ၎င်း၏ အာဏာအရဆောင်ရွက်ရသည် နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီတို့သည် မိမိတို့၏ အလုပ်ဝတ္တရားများကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။

(က) အုပ်ချုပ်ရေးအာဏာပိုင်က တင်ပြသော အစီရင်ခံစာများကို စဉ်းစားဆွေးနွေးခြင်း။
(ခ) လျှောက်လွှာများကို လက်ခံ၍ အုပ်ချုပ်ရေး အာဏာပိုင်နှင့် တိုင်ပင်နှီးနှောကာ ယင်းလျှောက်လွှာများကို စစ်ဆေးခြင်း။