Page:UN Charter (Burmese translation).djvu/35

From Wikisource
Jump to navigation Jump to search
This page has not been proofread.
(ဂ) အုပ်ချုပ်ရေးအာဏာပိုင်နှင့် သဘောတူညီထားသော အချိန်များတွင် သက်ဆိုင်ရာ အထိန်းသိမ်းခံ နယ်ပယ်ဒေသများသို့ မှန်မှန်သွားရောက်ကြည့်ရှုမှုအတွက် စီမံခြင်း။
(ဃ) ဤအရေးကိစ္စများနှင့် အခြားအရေးကိစ္စများကို ထိန်းသိမ်းရေး သဘောတူစာချုပ်များပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း။
အပိုဒ် ၈၈။

နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသည် အထိန်းသိမ်းခံ နယ်ပယ် အသီးသီးတွင် နေထိုင်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးတွင် မည်ရွေ့ မည်မျှ တိုးတက်မှုရှိကြောင်း သိရှိနိုင်ရေးအတွက် မေးခွန်းစု တစ်ရပ်ကို သတ်မှတ်ရေးသားရမည်။ အထွေထွေညီလာခံ၏ အာဏာပိုင်နက်အတွင်းရှိ အထိန်းသိမ်းခံနယ်ပယ် အသီးသီးနှင့် သက်ဆိုင်သော အုပ်ချုပ်ရေး အာဏာပိုင်သည် အဆိုပါ မေးခွန်းများအပေါ် အခြေပြု၍ အထွေထွေညီလာခံသို့ နှစ်ချုပ်အစီရင်ခံစာ တင်သွင်းရမည်။


မဲပေးခြင်း
အပိုဒ် ၈၉။

၁။ နိုင်ငံငယ်များထိန်းသိမ်းရေးကောင်စီဝင် နိုင်ငံအသီးသီး၌ မဲတစ်မဲစီ ပေးပိုင်ခွင့်ရှိသည်။

၂။ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကောင်စီ အစည်းအဝေးသို့ တက်ရောက် မဲပေးသည့်ကောင်စီဝင်နိုင်ငံ အများစု၏ မဲဆန္ဒဖြင့် ချမှတ်ရမည်။


လုပ်ငန်းစဉ်
အပိုဒ် ၉၀။

၁။ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသည် မိမိ၏ လုပ်ငန်းစဉ် နည်းဥပဒေများကို မိမိကပင် ပြဋ္ဌာန်းရမည်။ ထိုနည်းဥပဒေများတွင် မိမိ၏ ဥက္ကဋ္ဌ ရွေးချယ်ရန် နည်းလမ်းကိုလည်း တည်သွင်း သတ်မှတ်ရမည်။

၂။ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသည် မိမိ၏ နည်းဥပဒေ များနှင့်အညီ လိုအပ်သည်အတိုင်း အစည်းအဝေးကျင်းပရမည်။ ထိုနည်းဥပဒေများတွင် ကောင်စီဝင်နိုင်ငံ အများစု၏ တောင်းဆိုချက်အရ အစည်းအဝေးများကို ကျင်းပရန်အတွက် ပြဋ္ဌာန်းချက်လည်း ပါဝင်ရမည်။

အပိုဒ် ၉၁။

နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသည် သင့်လျော် လျောက်ပတ်သောအခါ စီးပွားရေးနှင့် လူမှုရေးကောင်စီနှင့် အထူးကိုယ်စားလှယ်အဖွဲ့ အစည်းများ၏ အကူအညီကို ၎င်းကို အသီးသီးနှင့် သက်ဆိုင်သော ကိစ္စများတွင် ရယူရမည်။