Page:UN Charter (Burmese translation).djvu/31

From Wikisource
Jump to navigation Jump to search
This page has not been proofread.
(ဂ) လူမျိုးမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ပြောဆိုရာ ဘာသာစကား မရွေး၊ ယောက်ျားမိန်းမ မရွေး၊ လူခပ်သိမ်း တို့အတွက် လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များ ရိုသေလေးစားမှုကို အားပေးရန်နှင့် ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့ တစ်ဦးအပေါ် တစ်ဦး အမှီသဟဲပြုနေရကြောင်း အသိအမှတ်ပြုမှုကို အားပေးရန်၊ ထို့ပြင် -
(ဃ) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ၎င်းတို့၏ နိုင်ငံသူ နိုင်ငံသားတို့အား လူမှုရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စများတွင် ညီတူညီမျှ အခွင့်အရေး ပေးရန်။ ထို့ပြင် တရားစီရင်ရေးတွင်လည်း အဆိုပါ နိုင်ငံသူ နိုင်ငံသားများအား အထက်ပါ ရည်မှန်းချက်အထမြောက်ရေးကိုလည်းကောင်း၊ အပိုဒ် ၈၀ ပါ ပြဋ္ဌာန်းချက်များကို လည်းကောင်း မထိခိုက်စေဘဲ ညီတူညီမျှ အခွင့်အရေး ပေးရန်။
အပိုဒ် ၇၇။

၁။ ထိန်းသိမ်းရေးစနစ်သည် ထိန်းသိမ်းရေး သဘောတူ စာချုပ်များဖြင့် ထိုစနစ်အောက် အကျုံးဝင်စေသော အောက်ပါ အမျိုးအစားဝင် နယ်ပယ်ဒေသများနှင့် သက်ဆိုင်ရမည်။

(က) ကြီးစိုးခွင့်အမိန့်အရ ယခုလက်ရှိ ထားသော နယ်ပယ်ဒေသများ။
(ခ) ဒုတိယ ကမ္ဘာစစ်ကြီးကြောင့် ရန်သူနိုင်ငံများမှ ခွဲထုတ်ထားသော နယ်ပယ်ဒေသများ။
(ဂ) သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ခံ နိုင်ငံများက မိမိတို့ အလိုအလျောက် ထိန်းသိမ်းရေးစနစ်အောက် အကျုံး၀င်စေသော နယ်ပယ်ဒေသများ။

၂။ အထက်ဖော်ပြပါ အမျိုးအစားဝင် မည်သည် နယ်ပယ်များအား မည်သည့် စည်းကမ်းချက်များအရ ထိန်းသိမ်းရေးစနစ်အောက်သို့ သွတ်သွင်း ရမည်ကို နောက်ထပ် ချုပ်ဆိုမည့် သဘောတူစာချုပ်ဖြင့် ဆုံးဖြတ်ရမည်။

အပိုဒ် ၇၈။

အဆိုပါနယ်ပယ်ဒေသများသည် တန်းတူလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်များအဖြစ် အချင်းချင်း အသိအမှတ်ပြုသောမူကို လေးစားမှုအပေါ် အခြေပြု၍ တစ်နယ်နှင့် တစ်နယ် ဆက်ဆံလျက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအဖြစ်သို့ ရောက်ရှိလာကြလျှင် ထိန်းသိမ်းရေး စနစ်နှင့် သက်ဆိုင်ခြင်းမရှိစေရ။

အပိုဒ် ၇၉။

ထိန်းသိမ်းရေးစနစ်အောက်တွင် သွတ်သွင်းထားရှိမည် နယ်ပယ်ဒေသ အသီးသီးအတွက် ထိန်းသိမ်းရေးစည်းကမ်းချက်များနှင့်တကွ ထိုစည်းကမ်းချက်များတွင် ပြုလုပ်သော ပြောင်းလဲချက် သို့မဟုတ် ပြင်ဆင်ချက်ကို တိုက်ရိုက် သက်ဆိုင်သည့်နိုင်ငံများက