Page:UN Charter (Burmese translation).djvu/25

From Wikisource
Jump to navigation Jump to search
This page has not been proofread.

လူမှုရေး ကောင်စီမှာ ထိုတာဝန်ကို ဆောင်ရွက်ရန် အလို့ငှာ အခန်း ၁၀ တွင် ဖော်ပြထားသော အာဏာများရှိရမည်။


အခန်း(၁ဝ) -
စီးပွားရေးနှင့် လူမှုရေးကောင်စီ

ဖွဲ့စည်းပုံ
အပိုဒ် ၆၁။

၁။ စီးပွားရေးနှင့် လူမှုရေးကောင်စီတွင် အထွေထွေညီလာခံက ရွေးကောက်တင်မြှောက်အပ်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၅၄) နိုင်ငံ ပါဝင်ရမည်။

၂။ စာပိုဒ် ၃ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ စီးပွားရေးနှင့် လူမှုရေးကောင်စီဝင်နိုင်ငံ တစ်ဆယ့်ရှစ်နိုင်ငံကို သုံးနှစ်ကာလ အပိုင်းအခြားအတွက် နှစ်စဉ် ရွေးကောက်တင်မြှောက်ရမည်။ နှစ်စေ့၍ထွက်ရသော ကောင်စီဝင်နိုင်ငံမှာ ချက်ခြင်း ပြန်လည်၍ အရွေးခံနိုင်ခွင့်ရှိသည်။

၃။ စီးပွားရေးနှင့် လူမှုရေးကောင်စီဝင် နိုင်ငံဦးရေကို နှစ်ဆယ့်ခုနစ်မှ ငါးဆယ်လေးနိုင်ငံသို့ တိုးမြှင့်လိုက်ပြီး နောက် ပထမဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ထိုနှစ်ကုန်၌ သက်တမ်းကုန်ဆုံးသွားသော ကောင်စီဝင်ကိုးနိုင်ငံ၏နေရာတွင် ရွေးကောက်တင်မြှောက်သည့် ကောင်စီဝင်နိုင်ငံများ အပြင် နောက်ထပ် ကောင်စီဝင်နိုင်ငံ နှစ်ဆယ့်ခုနစ်နိုင်ငံကိုလည်း ရွေးကောက် တင်မြှောက်ရမည်။ အထွေထွေညီလာခံက ချမှတ်သော အစီအစဉ်များနှင့်အညီ ထိုသို့ နောက်ထပ် ရွေးကောက်တင်မြှောက်လိုက်သော ကောင်စီဝင်နိုင်ငံ နှစ်ဆယ့်ခုနှစ်နိုင်ငံအနက် ကိုးနိုင်ငံ၏ရာထူးသက်တမ်းမှာ တစ်နှစ်ပြည်သည့် အခါကုန်ဆုံးစေ၍ အခြားကိုးနိုင်ငံ၏ ရာထူးသက်တမ်းမှာ နှစ် နှစ်ပြည့်သည်အခါ ကုန်ဆုံးစေရမည်။

၄။ စီးပွားရေးနှင့် လူမှုရေးကောင်စီဝင်နိုင်ငံအသီးသီး၌ ကောင်စီတွင် ကိုယ်စားလှယ်တစ်ဦးစီရှိရမည်။


အလုပ်ဝတ္တရားများနှင့် အာဏာများ
အပိုဒ် ၆၂။

၁။ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် အပြည်ပြည် ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးမှစ၍ ၎င်းတို့နှင့် ဆက်စပ်လျက် ရှိသောအကြောင်းကိစ္စများကို လေ့လာခြင်းနှင့် အစီရင်ခံစာများ တင်သွင်းခြင်း ပြုလုပ်နိုင်သည်။ သို့မဟုတ် စတင်ပြုလုပ်နိုင်သည်။ ထို့ပြင် ယင်းအကြောင်း ကိစ္စများနှင့် စပ်လျဉ်း၍လည်း