Page:UN Charter (Burmese translation).djvu/24

From Wikisource
Jump to navigation Jump to search
This page has not been proofread.
(ဂ) လူမျိုးမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ပြောဆိုရာ ဘာသာ စကားမရွေး၊ ယောက်ျား မိန်းမ မရွေး လူခပ်သိမ်းတို့အတွက်ဖြစ်သော လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို တစ်ကမ္ဘာလုံးလေးစားမှုနှင့် လိုက်နာ ကျင့်သုံးမှုကိစ္စ။
အပိုဒ် ၅၆။

အဖွဲ့ဝင်နိုင်ငံအားလုံးသည် အပိုဒ် ၅၅ တွင် ဖော်ပြပါရှိသည့်ကိစ္စများ အထမြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပူးတွဲ၍လည်းကောင်း၊ သီးခြားအားဖြင့် လည်းကောင်း ဆောင်ရွက်ရန် ကတိပြုကြသည်။

အပိုဒ် ၅၇။

၁။ အစိုးရအချင်းချင်း သဘောတူချက်အရ ဖွဲ့စည်းတည်ထောင်ထားသည့် အထူးကိုယ်စားလှယ်အဖွဲ့အစည်း အမျိုးမျိုးသည် ၎င်းတို့၏ အခြေခံစာချုပ်များ၌ သတ်မှတ်ဖော်ပြထားသည်အတိုင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးမှစ၍ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းနယ်ပယ်များတွင် ထမ်းဆောင်ရန် ကျယ်ပြန့်သော အပြည်ပြည်ဆိုင်ရာ တာဝန်များရှိလျှင် ထိုအထူးအဖွဲ့ အစည်းများကို အပိုဒ် ၆၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ဆက်သွယ်၍ ဆောင်ရွက်စေရမည်။

၂။ ထိုသို့ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်စေရမည့် အဖွဲ့အစည်းများကို အောက်အပိုဒ်များတွင် အထူး ကိုယ်စားလှယ်အဖွဲ့များဟု ရည်ညွှန်းသည်။

အပိုဒ် ၅၈။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည်၊ အထူးကိုယ်စားလှယ် အဖွဲ့ အစည်းများ၏ ဝါဒများကို လုပ်ငန်းများ တစ်ညီတစ်ညွတ် တည်းရှိအောင် ညှိနှိုင်းရေးအတွက်၊ ထောက်ခံချက်များ တင်ပြရမည်။

အပိုဒ် ၅၉။

၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် အပိုဒ် - ၅၅ တွင် ဖော်ပြထားသည့်ကိစ္စများ အထမြောက်စေရန် လိုအပ်သော အထူးကိုယ်စားလှယ်အဖွဲ့အစည်းသစ်များ ဖန်တီးရေးအတွက် သက်ဆိုင်ရာ နိုင်ငံအချင်းချင်း စေ့စပ် ဆွေးနွေးမှုများကို ပြုလုပ်သင့်လျှင်စတင်ပြုလုပ်ရမည်။

အပိုဒ် ၆ဝ။

၁။ ဤအခန်းတွင် ဖော်ပြပါရှိသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အလုပ်ဝတ္တရားများဆောင်ရွက်ရန် တာဝန်များကို အထွေထွေညီလာခံ အားလည်းကောင်း၊ အထွေထွေညီလာခံ၏ အခွင့်အမိန့်အရ စီးပွားရေးနှင့် လူမှုရေးကောင်စီအားလည်းကောင်း အပ်နှင်းရမည်။ စီးပွားရေးနှင့်