Page:UN Charter (Burmese translation).djvu/23

From Wikisource
Jump to navigation Jump to search
This page has not been proofread.

များကို အသုံးချသင့်လျှင် အသုံးချရမည်။ သို့ရာတွင် ထိုသို့ လိုက်နာစေသည့်သဘောဖြင့် အရေးယူမှုကိစ္စများကို လုံခြုံရေးကောင်စီ၏ အခွင့်အမိန့်မရဘဲ ဒေသဆိုင်ရာ အစီအစဉ်များအရဖြစ်စေ ဒေသဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့များဖြင့်ဖြစ်စေ ဆောင်ရွက်ခြင်းမပြုရ။ သို့ရာတွင် ဤအပိုဒ်၏ စာပိုဒ် ၂ တွင် အဓိပ္ပာယ်ဖေါ်ပြထားသည် ရန်သူ နိုင်ငံနှင့်စပ်လျဉ်း၍ အပိုဒ် ၁၀၇ နှင့်အညီ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည့် သို့မဟုတ် ထိုရန်သူနိုင်ငံ၏ ကျူးကျော်မှုဝါဒပြန်လည်ကျင့်သုံးမှုကို တားဆီး ပိတ်ပင်ရန် ရည်ရွယ်သော ဒေသဆိုင်ရာ အစီအစဉ်များတွင် ပြဋ္ဌာန်းထားသည့် စီမံချက်များကိုမူကား သက်ဆိုင်ရာအစိုးရများ၏ မေတ္တာရပ်ခံချက်အရ ထိုရန်သူနိုင်ငံ၏ နောက်ထပ် ကျူးကျော်မှုကို တားဆီးရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အား တာဝန်လွှဲအပ်သည့် အချိန်ထိ ဆောင်ရွက်နိုင်သည်။

၂။ ဤအပိုဒ်၏ စာပိုဒ် ၁ တွင် သုံးနှုန်းထားသည် “ရန်သူနိုင်ငံ” ဆိုသည်မှာ ယခုလက်ရှိ ပဋိညာဉ် စာချုပ်တွင် လက်မှတ်ရေးထိုးထားသော မည်သည့်နိုင်ငံနှင့်မဆို ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ရန်သူဖြစ်ခဲ့သော နိုင်ငံကို ဆိုလိုသည်။

အပိုဒ် ၅၄။

၁။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ဒေသဆိုင်ရာ အစီအစဉ်များအရသော် လည်းကောင်း၊ ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များက သော်လည်းကောင်း၊ ဆောင်ရွက်သည့် သိုမဟုတ် ဆောင်ရွက်ရန်ကြံရွယ်သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီအား အခါခပ်သိမ်း အကြောင်းစုံ ကြားသိစေရမည်။


အခန်း(၉) -
အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး
ပူးပေါင်းဆောင်ရွက်မှု

အပိုဒ် ၅၅။

ကမ္ဘာသူကမ္ဘာသားတို့၌ တန်းတူရည်တူရပိုင်ခွင့်များနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိသည်ဟူသော အခြေခံမူကို လေးစားသည့်သဘောထားပေါ် အခြေပြု၍ ပြည်ထောင်အချင်းချင်း ငြိမ်းချမ်းစွာနှင့် ချစ်ကြည်စွာ ဆက်ဆံနိုင်ရန်အတွက် လိုအပ်သော တည်တံ့ခိုင်မြဲရေးနှင့် ကြီးပွားကောင်းစားရေး အခြေအနေများကို ဖန်တီးပေးရန် ရည်သန်လျက် ကမ္ဘာကုလသမဂ္ဂအဖွဲ့သည် အောက်ပါကိစ္စများကို ဆောင်ရွက်ရန် အားပေးရမည်။

(က) လူနေမှုအဆင့်အတန်းများကို ပိုမို မြင့်မား လာမှု၊ အလုပ်လက်မဲ့ ပပျောက်မှု၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေ တိုးတက်ဖွံ့ဖြိုးမှုကိစ္စ။
(ခ) အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးမှစ၍ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော ပြဿနာရပ်များအား ဖြေရှင်းမှုကိစ္စ၊ ထို့ပြင် အပြည်ပြည် ဆိုင်ရာ ယဉ်ကျေးမှုနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စ။