Page:UN Charter (Burmese translation).djvu/22

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည်၊ မိမိတို့နိုင်ငံ မိမိတို့ ကာကွယ်နိုင်သည့် အခွင့်အရေးကို သုံးစွဲလျက် ဆောင်ရွက်သည့် အရေးကိစ္စများကို လုံခြုံရေးကောင်စီအားချက်ခြင်း အစီရင်ခံရမည်။ ထို့ပြင် ထိုသို့ဆောင်ရွက်သည် အရေးကိစ္စများကြောင့် ယခုလက်ရှိ ပဋိညာဉ်စာချုပ်အရ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် သို့မဟုတ် ပြန်လည်တည်ရှိမှုအတွက် မိမိလိုအပ်သည် ထင်မြင်သည့်အတိုင်း မည်သည် အခါမဆို အရေးယူဆောင်ရွက်နိုင်သည့် လုံခြုံရေးကောင်စီ၏ အခွင့်အာဏာနှင့် တာဝန်ကိုလည်း မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ။


အခန်း(၈) -
ဒေသဆိုင်ရာ အစီအစဉ်များ

အပိုဒ် ၅၂ ။

၁။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စပ်လျဉ်း၍ ဒေသအလိုက် အရေးယူသင့်သောကိစ္စများကို ဆောင်ရွက်ရေးအတွက် ဒေသဆိုင်ရာအစီအစဉ်များ သို့မဟုတ် ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ တည်ရှိခြင်းကိုယခုလက်ရှိ ပဋိညာဉ်စာချုပ်ပါ အချက်များကြောင့် ပိတ်ပင်ခြင်းမရှိစေရ။ သို့ရာတွင် အဆိုပါအစီအစဉ်များ သို့မဟုတ် ကိုယ်စားလှယ်အဖွဲ့များနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်များ၊ အခြေခံမူများနှင့်အညီ ဖြစ်စေရမည်။

၂။ အဆိုပါအစီအစဉ်များ ပြုလုပ်ဆောင်ရွက်သော သို့မဟုတ် အဆိုပါ ကိုယ်စားလှယ်အဖွဲ့များတွင်ပါဝင်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ဒေသဆိုင်ရာ အငြင်းပွားမှုများကို လုံခြုံရေးကောင်စီသို့ လွှဲအပ်တင်ပြခြင်း မပြုမီ ယင်းဒေသဆိုင်ရာ အစီအစဉ်များအားဖြင့် ဖြစ်စေ၊ ယင်းဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ၏ ဆောင်ရွက်မှုဖြင့်ဖြစ်စေ ငြိမ်းချမ်းစွာ ဖျန်ဖြေရန် တတ်နိုင်သမျှ ကြိုးပမ်း အားထုတ်ရမည်။

၃။ ဒေသဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ နိုင်ငံများ၏ ရှေ့ဆောင်မူအရ သို့မဟုတ် လုံခြုံရေးကောင်စီ၏ လွှဲအပ်ချက်အရ အဆိုပါ ဒေသဆိုင်ရာ အစီအစဉ်များအားဖြင့်သော်လည်းကောင်း၊ အဆိုပါဒေသဆိုင်ရာကိုယ်စားလှယ်အဖွဲ့များ၏ ဆောင်ရွက်မှုဖြင့်သော်လည်းကောင်း၊ ငြိမ်းချမ်းစွာ ဖျန်ဖြေမှု တိုးတက် ဖွံ့ဖြိုးလာစေရန် လုံခြုံရေးကောင်စီက အားပေးရမည်။

၄။ ဤအပိုဒ်သည် အပိုဒ် ၃၄ နှင့် ၃၅ အရ ဆောင်ရွက်ခြင်းကို မည်သို့မျှ ထိခိုက် ပျက်ပြယ်စေခြင်း မရှိစေရ။

အပိုဒ် ၅၃။

၁။ လုံခြုံရေးကောင်စီသည် မိမိအာဏာအရ လိုက်နာစေသည့် သဘောဖြင့် အရေးယူနိုင်ရန်အတွက် အဆိုပါ ဒေသဆိုင်ရာ အစီအစဉ်များ သို့မဟုတ် ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့