Page:ရွှေမန်းတင်မောင်.pdf/36

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကောင်းသည်မှာ သူနှင့် တွဲဖက်ခဲ့သည့် အတွက်ဟု ဆိုခြင်း ဖြစ်သည်။ တင်မောင်ကလည်း မငြင်းပယ်ပါ။

သာဓက တင်သည်၊ ဥပမာ ပြမည်၊

မျောက်မင်း အလားသို့ တရားတော်ရှုမည်၊

အသဲနှလုံးမှ သုံးဆောင်စားမည်၊

မိကျောင်း ခင်ကြည်၊ ချင်ခြင်းတပ်သည်၊

မြင်ရာ ရေဇလာ အောက်နဒီ၊

မြေကမ္ဗလာ အောက်ဆီ၊

အလျားမှောက်၍ စောင့်တဲ့

ဥပမာအညီ-ရှူဆပါ အတည်။

မျောက်မင်းကြီး လူပျိုသည်၊

ပွါးများဂတိတည်၊ သားမယား မရှိပြီ၊

တောတောင်ယာမဟိ၊ ရေဇလာကြည်သည်၊

မြစ်အတွင်းနဒီ၊ ဟိုကမ်းဘက်မှ၊

ကိုယ်လှမ်းတက်ခါ၊ ကျက်စားနေသည်၊

ဗွေမဟီ-မိကျောင်းမ ပလီ၊

ကျောက်တုံးပေါ်က အတည်၊

ကျုပ်နှလုံးသား စားဘို့ ကြံစည်။

မင်းက ငါ့ကို ငမျောက်ဖင်နီဟု ဆိုသည်။ မှန်သည်။ ငါဟာ မျောက်ပါဘဲ။သို့ရာတွင် သာမန်မျောက်တော့ မဟုတ်ပေဘူး ခင်ကြည်။ “ဝါနရိန္ဒ” မျောက်မင်းဖြစ်သည်။ သင်သည်ကား ဝါနရိန္ဒမျောက်မင်း၏ အသဲနှလုံးကို စားသုံးလို၍ ကျောက်ဖျာဘေးမှာ


၃၅