Page:ရွှေမန်းတင်မောင်.pdf/35

From Wikisource
Jump to navigation Jump to search
This page has been proofread.

တင်မောင်နှင့် ခင်ခင်ကြည် အပြန်အလှန်ဆိုသော သီချင်းတို့မှာ နောက်ကြောင်း ရာဇဝင် ကလေးများ အသီးသီး ရှိကြသည်။ တင်မောင်က ရှေးဦးစွာ “ဒု-သ-န-သော” သီချင်းနှင့် ခွန်းစသည်။ “ဘုံခုနစ်ဆင့်က တံခါး ဖွင့်၍ ကြည့်ကာမျှော်၊ ထိုမိန်းမကို အလို စိတ်ကျလို့ ဘုရင် မြင်လေသော်၊ ထိုကာမပိုင်ကို ခေါ်အမိန့်တော်၊ ကုမုဒြာကြာကို ရှာစေ အမိန့်တော်၊ ဒု-သ-န-သော တတကြော်ကြော်……” စသဖြင့် တင်မောင်က ခင်ကြည်ကို ကာမပိုင်နှင့် မိန်းမဟု ရိုးစွပ်စွဲသည်။ ပြီးနောက် အမေမြိုင်ကို တူမပေးဟု ကလိလိုက်သည်။ သို့ကြောင့် ခင်ကြည်က မျောက်ဖင်နီ တင်မောင်ဟု သူ့ကို ခွန်းတုံ့ခွန်းပြန် နှံလိုက်ခြင်း ဖြစ်လေသည်။

တင်မောင်၏ အမည်မှာ တရှိန်ထိုး တိုးတက်နေသည်။ မဒေါ်မြိုင်၏ တူမ မခင်ကြည်လည်း မငြင်းကွယ်နိုင်ချေ။ သူနှင့်အတူ အဒေါ်မြိုင်၏ ထံမှာ ကစဉ်ကထက် အဆပေါင်း များစွာတက်နေသည်။ နေရာတကာတွင် ရွှေမန်း တင်မောင်၏ သတင်းကောင်းကို ကြားနေရသည်။ သူ၏ ဒု-သ-န-သော နှင့် တူမပေးတို့မှာ ကာလသားတို့၏ ပါးစပ်တွင် မပြတ် ဖြစ်နေသည်။ သည်အကောင် နာမည် ကြီးတာ သူ ဆရာ ဖြစ်သော ကျမကြောင့်ဟု ခင်ကြည်က ဖမ်း၍ နှိမ်သည်။ ဦးဖိုးစိန်နှင့် ဦးအောင်ဗလကို သာဓက တင်ပြသည်။ ဦးဖိုးစိန်ကြီးနာပည်ကြီးသည်မှာသူနှင့် တွဲဖက်၍ ကသော ယောက်ျား မင်းသမီး ဦးအောင်ဗလကြောင့် ဟုထိုစဉ်က လူများ ပြောကြသည်။ ထိုအတူပင် ယခု တင်မောင်


၃၄