Page:ရွှေမန်းတင်မောင်.pdf/34

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဖြစ်သောကြောင့်ပင်တည်း။ တင်မောင်က သူ၏ခင်ကြည်ကလေးကို လှမ်း၍ ကျီစယ်ခြင်း ဖြစ်သည်။

တစင်ထောင်၊ တင်မောင် ဆိုတဲ့ သီချင်းကို ကြားရ၊ ခင်ကြည် တပါးကို မယား- မယားနဲ့ နားထဲ ခါးလှသည်။

ခပ်ငယ်ငယ် သူရယ်၊ ကျမရယ်၊ အမေမြိုင် အပါးမှာ သနပ်ခါးသွေး ဆေးပေး ဆေးပေး မီးယူ အတူ နေကြသည်။

မငွေမြိုင်ရဲ့ဆီ၊ ဒေါ်ဒေါ်မြိုင်ရဲ့ ခင်ခင်ကြည်။ ကိုတင်မောင် ပြောသမျှ၊ ဒေါသ အားကြီး ဖြစ်လှသည်။ ခင်ကြည်ကို လွမ်းသတဲ့၊ ဆွေးသတဲ့ သူက ပလီ၊ သည်အကောင် သတိတောင် မရပေါင် ယုံပါအတည်၊ ရတနာပုံ မန္တလေးက ခင်ခင်ကြည်။

သူ့နာမယ် မျောက်ဖင်နီ၊ ကိုတင်မောင် မနောက်နဲ့ အတည်၊ မျောက်ဖင်နီ။

ဥပမာ ပြမည်၊ သူ့ ဆရာ ပဌမကြည်၊ ဖိုးစိန်နှင့် အောင်ဗလကို စဉ်းစားပါ၊ စဉ်းစားပါ၊ မင်းအများတို့ သိကြပါလိမ့်မည်။

ဝိသေသ အထူးပါရှင်၊ ကိုတင်မောင် ပြောသမျှ မိဘများ ကန်တော့ပါရဲ့ အတည်။

တင်မောင် မုတ္တ တဖက်တော့ အကြီးကြီးရှင်၊ ဇွတ်မိယင် ချွတ်ကြည့်ပါအတည်၊ ကြောက်ပါတယ် ခင်ခင်ကြည်၊ ရွံ့ပါတယ် ခင်ခင်ကြည်၊ နန်းတော်ရွှေ ဆရာတင် အမှန် ပြောသည်။


၃၃