Page:ရွှေမန်းတင်မောင်.pdf/33

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဆွတ်၍ ပြောပါက ကြားရသူ ဘယ်သူမဆို “တင်မောင်”ဟု ဆက်လက်၍ အပြည့်အစုံ သိသွားလေသည်။

ဒေါ်ငွေမြိုင် တင်မောင်ကို ပညာသင်ရသည်မှာ လွန်စွာ သက်သာသည်။ သည်လိုဆို၊ သည်လို့ငို၊ သည်လိုပြော၊ သည်လို သောဟု မည်မည် ရရ သင်မပေးရချေ။ ပညာ ယူတတ်သူ တယောက်ဖြစ်လေရာ ကြားကာ မြင်ကာမျှဖြင့် အချိုးကျ ဖြစ်နေလေသည်။ တနည်း ဆိုရသော် ဒေါ်ငွေမြိုင်သည် တပည့်ကောင်း တယောက်ကို လွယ်လွယ်နှင့်ပင် ရလိုက်လေသည်။

ဒေါ်ငွေမြိုင်မှာ တင်မောင် တိုးတက် ကြီးပွါးသလောက် ထိုင်နေရင်း ဂုဏ်မြင့်နေသည်။ တင်မောင်ကလည်း အကယ်၍ မိမိ သည် တကယ် တတ်ကျွမ်းနားလည်သော ပညာရှင်ကြီးများ၏ ကဲ့ရဲ့ဖွယ် မနှစ်မြို့ဖွယ်၊ ရယ်မောဖွယ်ကို တီထွင် ပြုလုပ်မိပါက မိမိကိုယ်တိုင်ကို ထိခိုက်မည်ထက် ဆရာသမားများကို ထိခိုက်မှာ စိုးရိမ်ကြောက်ရွံ့နေသည်။ သူ၏ အစွမ်းအစ ဟူသမျှသည် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူး တစိတ်တဒေသဟု ယူဆသည်။

သူ ဒေါ်ငွေမြိုင်၏ ထံတွင် ရှိစဉ်က ဒေါ်ငွေမြိုင်၏ တူမ ရတနာပုံ ခင်ခင်ကြည်နှင့် တွဲ၍ ကခဲ့ရသည်။ တော်သော မင်းသမီး တယောက်ပင် ဖြစ်သည် ။တော်သော မင်းသားသည် အသင့်အတင့် အဆင့်အတန်းရှိသော မင်းသမီးနှင့် တွဲဖက်၍ ဖြစ်သော်လည်း တော်သော မင်းသမီးမှာ တော်သော မင်းသားနှင့် တွဲမှသာ ရသည်။ မင်းသား ညံ့နေက အရသာ မပေါ်နိုင်တော့ချေ။ အကြောင်းပူ ဇာတ်သဘင်တွင် မင်းသားက ခေါင်းဆောင်ရမည်


၃၂