Page:ရွှေမန်းတင်မောင်.pdf/37

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဝပ်၍ စောင့်နေသော မိကျောင်းဖြစ်သည် ဟု ပြန်လှန်ချေပခြင်းပင်ဖြစ်သည်။ ထိုစဉ်အခါက တင်မောင်မှာ ဗလာပွဲ ကနေသော တင်မောင်ဖြစ်သည်။ သူ မင်းသားအတတ်သင်ပြီး ဦးဆောင် ကခဲ့သော မြခြေချင်း၏ ဇာတ်မှာလည်း ပလာဇာတ်ပင် ဖြစ်၍ သူလည်း ဗလာနှင့်ပင် စတင်ရလေသည်။

တူမပေး သီချင်းတွင် ဦးခင်သက်ကြီးက ရွက်ထည်ရုံ ပြင်ဆင်နေကြောင်းပါသည်။ ဦးခင်သက်မှာ တင်မောင်၏ အမ ဒေါ်သိန်းတင်၏ ခင်ပွန်းဖြစ်သည်။ ပွဲစားကြီးဖြစ်၍ စီမံအုပ်ချုပ်မှု ကျွမ်းကျင်သည်။ တင်မောင်သည် သူ့ဘဝကို တင်ပြရာတွင် ဦးခင်သက် မပါက အဓိပ္ပါယ် ပြည့်စုံလိမ့်မည်ဟု မယူဆချေ။ အသက်ထက်ဆုံး ဦးခင်သက်၏ ကျေးဇူးကို ဦးထိပ်ရွက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ တင်မောင်၏ တိုးတက်ကြီးပွါးခြင်းမှာ ကံ-ဉာဏ်-ဝီရိယကို ပစ်ပယ်၍ မရပါ။ လူသိနည်းသော သူ၏ ကြီးပွါးရေးတခုမှာ ကျေးဇူးရှင်များကို အစဉ် သတိရခြင်းပင် ဖြစ်သည်။

ဦးခင်သက်သည် ဦးကျော်ထွန်းထံမှ ဦးစိန်ကတုံး၏ ရွက်ထည်ရုံကြီးကို တင်မောင့် အတွက် ဝယ်ယူလိုက်သည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ရွက်ထည်ရုံ နှင့် ကသော မင်းသား နှစ်လက် ရှိသည်။ ဦးဖိုးစိန်နှင့် ဦးစိန်ကတုံးပင် ဖြစ်သည်။ ဦးစိန်ကတုံး လွန်သော အခါ ထိုနေရာကို တင်မောင်က ယူလိုက်ခြင်း ဖြစ်သည်။

ငွေရှိလျှင် ရွက်ထည်ရုံ ရရှိနိုင်သည်ကား မှန်ပေသည်။ ထိုရွက်ထည်ရုံတွင် ကနိုင်ဖို့က လိုသည်။ များစွာသော ဇာတ်သဘင်


၃၆