Page:ရွှေမန်းတင်မောင်.pdf/26

From Wikisource
Jump to navigation Jump to search
This page has been proofread.

ခြင်းဖြစ်သည်။ တင်မောင်ကို ကြည့်ရသည်မှာ ရုပ်သေးတွင် လွန်စွာစိတ်ဝင်စားနေပုံရသောကြောင့် ဖြစ်သည်။ ဘုန်းကြီး၏ စေတနာမှာ ရုပ်သေးပညာကို လေ့လာရုံမျှ လေ့လာစေချင်သည်။ သို့ရာတွင် တင်မောင်မှာ ရုပ်သေးနှင့် အသက်မွေးတော့မည့် အသွင် ပေါ်လွင်နေသည်။ ရုပ်သေးဆိုသည်မှာ ယေဘုယျအားဖြင့် ရုပ်ရည်မလှ၊ အသံရသူများအလုပ်ဖြစ်သည်။ တင်မောင်လို လူချောတယောက်က ရုပ်သေးမင်းသား လုပ်ရန် မလိုချေ။ ထို့ပြင် ရုပ်သေးသဘင်သည် ဇာတ်သဘင်ကဲ့သို့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မလုပ်နိုင်ချေ။ သို့ကြောင့် ဘုန်းကြီးသည် သူ့တူကို ဇာတ်ဖက်သို့ ဦးလှည့် ပေးခြင်းဖြစ်သည်။

X X X X


“ကောင်ကလေးကို ပညာဆက်သင်ပေးရ မကောင်းဘူးလား မောင်ပဉ္စင်းရယ်”

နှမဖြစ်သူ ဒေါ်မေက ရွံ့ရွံ့နှင့်အထွန့်တက်သည်။

“ပညာဆိုတာဘာလဲ”

“အရွယ်ကလဲ ရှိတုန်းမို့ စာသင်ပေးရယင် ကောင်းမလားလို့ပါ။ စာတတ်တော့……”

“ဆိုစမ်းပါအုန်း၊ စာတတ်တော့ ဘာဖြစ်မလဲ”

ဒေါ်မေ ရှေ့သို့ မဆက်ဝံ့တော့ချေ။ ဘုန်းကြီးကပင်ဆက်၍ ရှင်းပြသည်။

“ပညာဆိုတာ စာပေတခုတည်းရဲ့ နာမယ်မဟုတ်ဘူး။ အဋ္ဌာ


၂၅