Page:ရွှေမန်းတင်မောင်.pdf/25

From Wikisource
Jump to navigation Jump to search
This page has been proofread.

လေးသည် ရုပ်သေး၏ အပျိုတော် ၁၂ ခန်းမှ လူးလွန့်ကာ ထိုးတက်လာပြီး တောတောင်ရေမြေ လနေ နက္ခတ်တာရာ အစရှိသော ဩကာသ လောကကြီးအတွင်းသို့ ယောင်လယ်လယ်နှင့် လျှောက်၍နေလေသည်။ လေပြေကလေးက ပြေပြေကလေးနှဲ့၍ နွဲ့နေသောသစ်ပင်ပျိုကလေးကို ကဟန်အသွင် ထင်မြင်လာသည်။ ရုပ်သေးစင်တိုင် လေတိုး၍ မြည်နေသော အသံကို တူရိယာသံတမျိုးအဖြစ်နှင့် သာယာလာသည်။

“အလိုလေး ဘုရား ဘုရား၊ မြတ်စွာဘုရား၊ တလောကလုံးမှာရှိတဲ့ မြင်သမျှ ကြားသမျှတွေဟာ ငါ့ဆရာတွေပါလား” ဟုရင် သတ်ရှုမော အံ့ဩစွာ သိမြင်လာခဲ့သည်။ ကျူးရင့်ခဲ့ သည်။ တင်မောင်ကား ရုပ်သေး၏ သဘာဝပညာတွင် နစ်မြုပ်နေသည်။ ရှေးလူကြီးများသည် (ဝါ) ပညာရှင်ကြီးများသည် သဘာဝကို ပုံတူကူး၍ ပြခဲ့ကြသည်။ အချို့သော ပုံတူများသည် ဟိုခေတ်က သဘာဝဖြစ်၍ သည်ခေတ်နှင့် ဆီလျော်ချင်မှ ဆီလျော်မည်။ဩကာသလောကကြီး၏ အလိုက်သင့်ပင် သတ္တလောကကြီးကလည်း ပြောင်းလဲနေသည်။သို့ကြောင့် မျက်မှောက်သတ္တလောကကြီးအတွက် မျက်မှောက် ဩကာသလောကမှ ပုံတူသစ်များကို ထပ်မံ ကူးသင့်ပြီဟု မသိမသာ ကြံတွေးခဲ့သည်။

“သည်ခေတ်ဟာ ရုပ်သေးခေတ် မဟုတ်ဘူး။ ဇာတ်သဘင်ခေတ်။ ကောင်ကလေးကို ဇာတ်ပညာကို ကျကျနန သင်ပေးဖို့ တော်ပြီ။ ရုပ်သေးထဲကိုချည်း လိုက်စေလို့မဖြစ်ဘူး”

ဘုန်းကြီး ဦးကေသရက တင်မောင်၏ အမေကို ဩဝါဒပေး


၂၄