Page:ရွှေမန်းတင်မောင်.pdf/24

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကွယ်၊ နတ်ကတော်လို့လဲခေါ်တယ်။ နှစ်-ဆင်၊ သုံး-ကျား၊ လေး-မြင်း၊ ငါး-ဘီလူး၊ ခြောက်-ဇော်၊ ခုနစ်-နဂါး၊ ရှစ်-ဂဠုန်၊ ကိုး-သူငယ်တော်(နေရာတော်ခင်းလို့လဲခေါ်တယ်)၊ တဆယ်-ဝန်၊ ဆဲ့တစ်-ရှင်ဘုရင်၊ ဆဲ့နှစ်-ရဟန္တာ၊ မှတ်ပြီလား။ အဲဒါအပျိုတော် ၁၂-ခန်းပေါ့”

“ဒါဖြင့် ဇာတ်သဘင်တွေမှာ သည်အပျိုတော် ၁၂-ခန်းကို စုံအောင် မပြနိုင်၊ မကနိုင်ဘူးပေါ့”

“ဖြစ်နိုင်ပါတယ်။ ရုပ်သေးမှာလိုတော့ မြင်းဆို မြင်းရုပ်၊ ဘီလူးဆို ဘီလူးရုပ် ထွက်မကနိုင်ဘူးပေါ့။ လူကဘဲ သည်အရုပ်တွေရဲ့သဘောကို ယူပြီး ကကြရတယ်။ သည် ၁၂- မျိုးကို အပျိုတော် တယောက်ကဘဲ တာဝန်ယူပြီး စုံအောင်ကရလို့ အပျိုတော် ၁၂-ခန်းလို့ခေါ်တာဘဲ”

တင်မောင်က ဆက်၍ ကူးသည်။ အပျိုတော် ၁၂ ခန်းဟူသည် ရှေးအခါက ဇာတ်ထုပ်များတွင် ပါဝင်တတ်သော အရုပ်များကို ပွဲဦးကပင် ထုတ်၍ ပြခြင်းပင်ဖြစ်သည်။ နောက်ပိုင်းဇာတ်ထုပ်ဖော်သောအခါ ကိုယ့်အကွက်နှင့်ကိုယ် တာဝန် ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယခုအခါ ခေတ်ကြီးမှာ တိုးတက်ပြောင်းလဲနေပေရာ အပျိုတော် အခန်းများလည်း တိုးတက်များပြားလာနိုင်မည်လား မသိဟု ရွံ့ရွံ့နှင့် ကွန့်လိုက်လေသည်။ မှန်ပေသည်။ အပျိုတော် ၁၂ ခန်းဆိုသည်တို့မှာ စင်စစ် ဇာတ်ထုပ်တို့တွင် ပါဝင်တတ်သော အရုပ်များပင် ဖြစ်သည်။

နုနယ်သစ်လွင် လတ်ဆတ်သော တင်မောင်၏ အသိဉာဏ်က


၂၃