Page:ရွှေမန်းတင်မောင်.pdf/10

From Wikisource
Jump to navigation Jump to search
This page has been proofread.

တင်မောင်ကို နေ့တိုင်း အကြော် ရောင်းခိုင်းပါလျှင် စားသာမည် ဖြစ်သော်လည်း အမေနှင့် အမများက မခိုင်းရက်ချေ။ သားကလေး၏ ပညာရေးအတွက် ကျောင်းမှာ ထားသည်။ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းများသည် တင်မောင်တို့လို လက်လုပ် လက်စား မိဘတို့မျ ပေါက်ဖွားသည့် ကလေးများအား ပညာသင်ပေးသည်။ အစားအစာကို ကျွေးသေးသည်။ တင်မောင်မျာ အကြော်ကို နာမည်ရအောင် ရောင်းတတ်သကဲ့သို့ပင် ကျောင်းသား အဖြစ်နှင့်လည်း နာမည်ရသည်။ သူ့ကို နာမည် ရအောင် ကူညီပေးသည်မှာ ချစ်စရာကောင်းသော ရုပ်ရည်နှင့် ကြည်လင် အောင်မြင်သော အသံပင် ဖြစ်သည်။

ကကြီး ခခွေးကို သီချင်းဖြစ်အောင် ဆိုတတ်သည်။ တစ်နှစ် သုံးလေးကို ဂီတသံပါအောင် သီတတ်သည်။ မင်္ဂလသုတ် ဂါထာများကို တက်သော အခါတွင်မူ နာမည်ကျော် ဓမ္မကထိကတဦး ဥဒါန်းကျူးနေသည်ဟု ထင်ရသည်။ သူသည် အက္ခရာ စာလုံးကလေးများကို စာလုံးအတိုင်း မမြင်ချေ။ ပတ်လုံးကလေးများ၊ စောင်းကြိုးကလေးများသဖွယ် ထင်သည်။ အလွန် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းသော သဒ္ဒါကြီး သုတ်စဉ်၊ သရုပ်သဘော အချက်အလက်တို့ဖြင့် လေးနက်သော အဘိဓမ္မာ သင်္ဂြိုဟ်တို့ကို သူသာ ဆိုလျှင် ဝိုင်းပြီး နားထောင်ကြသည်။ ဆရာဘုန်းကြီးလည်း ကျိန်းစက်ရာမှ မှိန်း၍ နားထောင်သည်။

သုဂတံ သုဂတံ သေဋ္ဌံ၊

ကုသလံ ကုသလံ ဇဟံ၊