Page:ရွှေဘုံနိဒါန်း.pdf/9

From Wikisource
Jump to navigation Jump to search
This page has been proofread.

မည်ရှိသော စကားစုကို ရေးသားထားပေအံ့။

မြင်းမိုရ်ရတနာ တောင်မျက်နှာဝယ် နီလာမြညွန့်

ဇမ္ဗူကျွန်းထက် ဘုန်းကွန့်ဖြာပြေး မန္တလေးဟု ပျံ့မွှေး

နှုတ်ရိပ် ရွှေတောင်ထိပ်၌ တံဆိပ်ပုံလှ ခတ်ကာပြသို့

အမရပုရာ သိင်္ဂါနန်းတည် ထွတ်ဘုန်းစည်ဟု လူ့ပြည်

နတ်ရပ် ကျော်သံစပ်မျှ ထီးယပ်ကြာဝတ် အထွတ်ပတ္တ

မြား ဆဲ့တပါးတွင် ရွှေသားလျှံဝင်း မင်းခမ်းကျင်းလျက်

မင်းမင့်းသခင် သိုက်ဝင်စဉ်ဆက် ရွှေလက်ထက်ဝယ်

ရွှေစက်တော်ပါး ခစားအနီး ဆောင်ရွက်ကြီးက မြှောက်

ချီးနေရာ လိမ္မာမင်းမှု ရွေးချယ်ရှု၍ ဝန်စုဝငန်း သိမ်းမြန်း

သနား စဉ်လျားအရှည် သုံးရမည်ဟု ဘုန်းစည်ခေါင်

ချုပ် ကျွန်ုပ်သခင် ရွှေဉာဏ်ဆင်လျက် ဥကင်ရိပ်ဝှဲ ဘိ

သိက်ပွဲတွင် ရဲရဲညိမျှ ဇေယသင်္ခယာ ဝင်းဝါရောင်လျှပ်

ရွှေဘွဲ့တပ်သား ပညပ်တွင်မည် ကျွန်ုပ်သည်လျှင် ရွှေပြည်

ကျယ်ဝင်း အတွင်းပြင်မှု နှစ်စုတို့တွင် မထင်မပေါ် ခေါ်

ဝေါ်ရှည်လျား စကားမကျန် ထုံးစံမမှီး မယူသီး၍ ပြည်

ကြီးတိုင်းခွင် နှစ်များဖြင်အောင် သို့စင်တာရှည် ရှိလေ

သည်ကို အပြည်ပြည်ထောင် မင်းကုန်အောင်၏ အခေါင်

သင်းကျစ် မှန်ကူဖြစ်သား ဧကရာဇ်ထိပ်ပေါ် လက်ထက်

တော်၌ မြင်မြော်စုပေါင်း ပြည့်စုံကြောင်းနှင့် ရှေးဟောင်း

အမည် သမုတ်သည်ကို နားလည်သိသာ ဝေါ်ဟာခေါ်သုံး

ရွှေနန်းထုံးကို စီကုံးရေးသား မှတ်ဘွယ်ထားအံ့ မပြာ

းပုံညွှန်း ကြည်းရေပန်းတိ ထူးဆန်းလှိုင်ကြူ မဏိဂူဝယ်

မဉ္ဇူရတနာ ပဒေသာသို့ အရာလုံးခြုံ မင်းသုံးစုံသည် ရွှေ

ဘုံနိဒါန်း စာစောင်တည်း။