Page:ရွှေဘုံနိဒါန်း.pdf/8

From Wikisource
Jump to navigation Jump to search
This page has been proofread.

နိဒါန်း

တိုင်းကြီးပြည်ကြီး ထီးဆောင်းနန်းနေ ပဒေသရာဇ်

ဧကရာဇ်မင်းတို့၏ ဦးညွတ်ရာ ရွှေပြည်ရွှေနန်း၌ အသုံးအ

ဆောင် အခေါ်အဝေါ်များသည် ရှည်ကြာ၍ တိမ်မြုပ်

သည့်အရာများလည်း ရှိသည်။ ရှည်လျား၍ စကားရွေ့

သည့် အရာလည်း ရှိသည်။ ရှည်လည်းရှည်လျား၍ မကြံ

မစည် မထင်မရှားသည့်အရာလည်း ရှိသည်။ မရှည်မလျား

သော်လည်း တိမ်မြုပ်၍ မကြံမစည် မရေးမသား မထား

သည့်အရာလည်း ရှိသည်များကို ဇမ္ဗူနဒရွှေ၊ သိင်္ဂီရွှေ၊

စာမီကရရွှေ၊ ဟိရညကရွှေ၊ အညမုတ္တရွှေ၊ နာလာရိရွှေ၊ နာ

လိမုတ္တရွှေ အစရှိသော ရွှေတို့ကို ရွှေကိုရွှေချင်း ရောနှောစပ်

လျှင် အခြားမထင်သကဲ့သို့ ကျမ်းဂန်ဗေဒင် ဝတ္ထုပုံပြင်

ရာဇဝင်စကားဟောင်း အကြောင်းသင့်ရာ စပ်လျဉ်း၍

ရာဇဌာနီ မင်းနေပြည်ကြီး၌ အတွင်းမှုအပြင်မှု ရွှေထီးရွှေနန်း

အစဉ်သုံးဆောင်ရာသုံးဆောင်ကြောင်းဖြစ်သော အခြင်း

အရာများသည် အတိုင်းတိုင်း အနိုင်နိုင် အပြည်ပြည်

အနန်းနန်း အမင်းမင်းတို့၏ အရှင်ဖြစ်တော်မူ၍ အမရပုရ

ရွှေပြည်ရွှေနန်း တည်ထောင်သိမ်းမြန်း စံပယ်တော်မူသော

အာဒိစ္စဝံသ နေမင်း၏အနွယ်ဖြစ်တော်မူသော အသျှင်

ဘဝရှင်မင်းတရားကြီးဘုရားလက်ထက်တော်၌ ပြည့်စုံ

ထင်ရှားကြောင်းကို သက်သေသာဓက မူလနိမိတ် ညွှန်ပြ

လျက် မှတ်သားသိလွယ်စိမ့်သောငှါ ရတနာသုံးပါးကို

ထိပ်ထားလက်တင် ပန်ဆင်ပြီး၍ အနဂ္ဃမုတ္တာ ရတနာ

ပုလဲကို စီကုံးသကဲ့သို့ လဗိမာန်စက်ဝန်း၌ ယုန်ရုပ်အရေး

သည် ကမ္ဘာပတ်လုံး တည်သည်နှင့်အညီ ရွှေဘုံနိဒါန်း အ