Page:ရွှေဘုံနိဒါန်း.pdf/10

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရွှေဘုံနိဒါန်း

နမောတဿ ဘဂဝတော အရဟတော

သမ္မာသမ္ဗုဒ္ဓဿ

(၁) ဘုံငါးဆင့်ရှိသော ပြာသာဒ်၊ ဘုံခုနစ်ဆင့်ရှိသော

ပြာသာဒ်၊ ဘုံကိုးဆင့်ရှိသော ပြာသာဒ်ကို ရမ္မ၊ သုဘ၊

သုရမ္မဟူ၍ ပြာသာဒ်သုံးဆောင်ရှိသော အကြောင်းမှာ

ကျမ်းဂန်ထင်ရှားလာသောကြောင့် သိသာသည်။

ပါသာဒသဒ္ဒါသည် ရှုဘွယ်ကြည်ညိုဘွယ်ကို ဆိုသည်။

မဇ္ဈိမဒေသ ရာဇဌာနီမင်းနေပြည်၌ ဘုံခုနစ်ဆင့်ရှိသော

ပြာသာဒ်တွင် တတိယဘုံ၌ အပေါက်ဘောက်သည်။ ထိုအ

ပေါက်ကို သိကြားပေါက် ခေါ်ဝေါ်သည်။ မင်းဘုန်း

ပေါက်လည်း ခေါ်ဝေါ်သည်။ သိကြားပေါက် မင်းဘုန်း

ပေါက် ခေါ်ဝေါ်ကြောင်းမှာ ရသေ့ သိကြား နဂါး

ဂဠုန် ပရမေသုရာ မဟာဗိန္နဲ လူမင်း သူမြတ် ခုနစ်ပါးတို့

စောင်မ၍ သရေခေတ္တရာပြည် တည်သည့်ကာလ သိ

ကြား ပန်းလည်တိုင်ပြုသည်။ နဂါးကို စက်ကြိုးအမှတ်

လှည့်သည်။ ဂဠုန်အာနုဘော်ကြောင့် နဂါးသုံးရစ်တွန့်

သည်။ မြို့လည်း သုံးချက်တွန့်ရှိသည်။ သိကြား ပန်းလည်

တိုင်ပြု၍ စက်လှည့်သည့်အရာတွင် ဘုရားတည်သည်။

ထိုဘုရားကို စက်ရာဘုရားဟူ၍ ယခုတိုင်ရှိသည်။ သည်

ကိုရည်၍ မေရုဗဟိုရ် မြင်းမိုရ်ဦးကိုင် ပန်းလည်တိုင်ကို