Page:ရွှေဘုံနိဒါန်း.pdf/11

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကြံ့ခိုင်စွာနိုး ပွတ်ကောင်းကြိုးဟု ရေမျိုးဇာတိ မဟိဒ္ဓိ

ဖြင့် တရိဝင်္ကော် သုံးရစ်ပေါ်မှ ဟူ၍၎င်း၊ ဘိုးဦးထိပ်၌

တံဆိပ်ပြညွန် ငါလွန်မြင့်ကြာ တရာနှစ်စေ့ ဘုန်းဟေ့ခု

နစ်ပါး တည်ထားရသေ့ ဟူ၍၎င်း၊ မြင်ဟန်မျက်စိ

တထောင်ရှိသား မြင့်ဘိဦးခေါင်း ထောင်လည်းကောင်း

တည့် ခေါ်သောင်းမည်ပင် ထောင်နေစင်တိ ကိုယ်ပင်

လက်ခြေ နှစ်ထောင်နေနှင့် ပရမေသုရာ ဘန်ဆင်းလာ၍

သိင်္ဂါဘုံမြင့် ဥကင်ဘွင့်သား ဆိုသည်အကြောင်း စန္ဒီပရ

မီသွာ မဟာဗိန္နဲ ကျော်သဲဝန်းလည် ညီညာတည်သည်

ရွှေပြည်ခေတ္တ ဟူ၍ စပ်ဆိုလေသည်။ ပြာသာဒ်ဆောင်

တွင် ရှစ်မျက်နှာထောက်ခံသည်ကိုလည်း ကတံ ခေါ်ဝေါ်

သည်။ ပညာရှိတို့ စပ်ဆိုသည်လည်း လက်ပင့်မြှောက်

၍ အထောက်ကတံ ရှစ်ချက်ရံသည် ဘုံစံသာထွေ ရိပ်

ရဝေကဟူ၍ စပ်ဆိုလေသည်။ ပြာသာဒ်ဘုံခုနစ်ဆင့်အ

နက် တတိယဘုံတွင် မြောက်မျက်နှာက အနောက်သို့ယွန်း

၍ အပေါက်ဘောံသည်မှာ သိကြားနေရာ မြင်းမိုရ်တောင်

သည် ဇမ္ဗူဒီပါကျွန်းမြောက်ဖြစ်၍ သိကြားစောင်မမည့်

လာသည်ကာလ၊ ဘုန်းငွေ့လွှတ်ရာအပေါက်ကို သိကြား

အပေါက်ဘောက်သည် ဆိုသည်။ သိကြားနေရာဘောက်

သည်ကို အကြောင်းပြု၍ ထိုအပေါက်ကို သိကြားပေါက်

ခေါ်ဝေါ်သည်။ မင်း၏ ဘုန်းငွေ့လွှတ်ရာ အပေါက်ဖြစ်၍

လည်း မင်းဘုန်းပေါက် ခေါ်ဝေါ်သည်။ အကြောင်းနှစ်ချက်

ကိုထောက်လျှင် မြေနန်းပြာသာဒ်တော်သည် မင်္ဂလာကြီး