Page:ရွှေဘုံနိဒါန်း.pdf/12

From Wikisource
Jump to navigation Jump to search
This page has been proofread.

ပွဲသဘင်ကြီး မင်းတို့ထွက်စံရာအရပ်ဖြစ်၍ အရှေ့နှာ

ယောင်ခန်းတွင် မာရဘင်ကန့်သည်။ တကြောင်းလည်း

ပြာသာဒ်ဆောင်အလယ် မာရဘင်ကန့်၍ ပြာသာဒ်ထီးနှင့်

တည့်တည့် မှန်တုပ်ချိန်ပြီးလျှင် ရာဇပလ္လင် ဥကင်တည်

ထားသည်လည်း ဆိုသည်။ သို့ဖြစ်၍ မာရဘင်ဥကင်အ

တွင်းနေအောင် မင်းဘုန်းပေါက်သည် အနောက်သို့ယွန်း

၍ထားသည် ဆိုသည်။

(၂) သီဟာ ဘမရာ ဟံသာ အစရှိသော ရာဇ

ပလ္လင်ရှစ်မျိုး လုပ်ရိုးရှိသည်တွင် တပါးသော ရန်မာန်တို့

သည် မအောင်နိုင်သောကြောင့် ဘုရားသခင်နေတော်မူ

သည့်ပလ္လင်ကို အပရာဇိတပလ္လင် ဆိုသည်။ နတ်တို့နေရာ

ပလ္လင်ဖြစ်၍ ဒိဗ္ဗပလ္လင် ဆိုသည်။ မင်းတို့နေရာပလ္လင်ဖြစ်၍

ရာဇပလ္လင် ဆိုသည်။ ပလ္လင်ခံခြင်းအနက်ကို ဟောသည်

ဥက္ကံသသဒ္ဒါသည် မြတ်သောအနက်ကို သမ္ဗန်သည်ဖြစ်၍

ဥကင်ဆိုသည်။

(၃) ရာဇပလ္လင် ဥကင်မုတ်ထွတ်အထက် ရင်တု

ဗိမာန်တွင် သိကြားရုပ်နှင့် မှန်တိုင်ထားသည်မှာ သာ

သနာတော်ကို စောင့်ထိန်း၍ မကောင်းသသူကို မကောင်း

လျောက်၊ ကောင်းသသူကို ကောင်းလျောက်၊ ချီးမြှောက်

နှိမ့်ချခြင်း၌ မှန်ကန်တော်တည့်ဖြောင့်မတ်စွာ အကျွန်ုပ်ကဲ့

သို့ ပြုတော်မူ အမှတ်ပေးခြင်းငှါ မဟာရာဇ၊ မြတ်သော

မင်းကြီး။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီသဖြင့်။ နဂရံ၊

ပြည်ကို။ သမ္ပာလေတု၊ ကောင်းစွာစောင့်ရှောက် နိစ္စမ