Page:ရွှေဘုံနိဒါန်း.pdf/63

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရွှေနန်းအဆက်ဆက် ရွှေနန်းတက်သိမ်းလျှင် ကြေးပြာ

သာဒ်တွင် ခုနစ်ရက် စက်တော်ခေါ်သည်။ ယင်းသို့ စက်

တော်ခေါ်ပြီးမှ အလိုတော်ရှိရာ စက်တော်ခေါ်သည်။

ကြေးပြာသာဒ်တော်မှာ အရှေ့သို့ ခေါင်းရင်းထားသည်။

သလွန်တော်မှာ တောင်သို့ ခေါင်းရင်းထားသည်။ အိပ်

သည့်ကာလ ဦးခေါင်းပြုရာအရပ်ကိုလည်း ကမ္ဘာ့

တန်ဆာ ဗေဒင်ကျမ်းများ၌ အရှေ့အရပ်၊ တောင်အရပ်သို့

ဦးခေါင်းပြုသင့်ကြောင်းကို ဆိုသည်။ ယင်းသို့ဖြစ်၍လည်း

ဟိတကာရီ ဗေဒင်ကျမ်းလင်္ကာတွင် "အိပ်စက်သောခါ

ဒက္ခိဏာနှင့် ပြုဗ္ဗာကိုကား ဦးခေါင်းထားလော့" ဟူ၍

စပ်ဆိုလေသည်။ "ပုဗ္ဗေသိရော သိမေဓာဝီ၊ ဒက္ခိဏေသိရော

သိအာယု" အစရှိသောပါဌ်ကို ထောက်၍ သိရာသည်။ ဟံ

သာဝတီ ဆင်ဖြူများရှင်လက်ထက် သီဟဠဒီပကျွန်းက

သပိတ်တော်၊ စွယ်တော်၊ သမီးကညာ ဆက်ရောက်

သည်။ သပိတ်တော်နှင့် စွယ်တော်ကို သိန်းဃိုဠ်ကျွန်း

ကျည်းမင်းက ပြာသာဒ်နှင့်တင်၍ ပို့ရောက်လာသည်။

ကျည်းပြာသာဒ် အလုပ်အဆောင်ပုံပန်းတို့သည် တင့်

တယ်လျောက်ပတ်ဘွယ်ရာ ကျစ်လျစ်သည်ဖြစ်၍ ထို

ကျည်းပြာသာဒ်သဏ္ဌာန်လုပ်၍ သုံးဆောင်လေသည်။

သိန်းဃိုဠ်ကျွန်းက သပိတ်တော်၊ စွယ်တော်၊ သမီးကညာ

ဆက်ရောက်ကြောင်းကိုလည်း ရှေးစာဟောင်းများတွင်

"သိန်းဃိုဠ်မင်းက မှန်ကင်းစွယ်တော် သပိတ်တော်နှင့် မု

နော်နတ်သွေး သမီးထွေးကို မြတ်လေးညွတ်ခ ဆက်