Page:ရွှေဘုံနိဒါန်း.pdf/62

From Wikisource
Jump to navigation Jump to search
This page has been proofread.

သည်။ ညဉ့်အချိန်ကို နန်းသို့ရောက်သည့် နဂါး၏အန္တရာယ်

ကို ကွယ်ကာနိုင်စိမ့်သောငှာ ကြေးကို ပြာသာဒ်လုပ်၍

လေးမျက်နှာ သံကွန်ရက်ပိတ်သည်။ တံခါးပေါက်ဘောံ

သည်။ တံခါးရွက် တံခါးကျင် တပ်သည်။ ယပ်၊ သန်လျက်၊

တုတ်၊ ထားတို့ကို လက်ဝဲနံတောင်းက ထားသည်။ ညဉ့်

သန်းခေါင်အခါ အနုရာဓ၊ ဇေဋ္ဌ၊ မူလ နက္ခတ်သုံးလုံးတွင်

တလုံးလုံးတည့်မတ်သည့်ကာလ နဂါး ပေါ်ရောက်မြဲအ

တိုင်း လာရောံသည်နှင့် သံကွန်ရက်ကို တုတ်ထားဖြင့် ချင်

ချင်ခတ်သည်ကို နဂါး အဆိပ်ဖြင့်မွှန်း၏။ မင်းလည်း ယပ်

ဖြင့်ကာသည်။ တံခါးကို ဘွင့်၍ သန်လျက်နှင့် နှိပ်နင်းလေ

လျှင် နဂါးသေလေသည်။ နဂါးကို နိုင်သောကြောင့် နဂါးနိုင်

မင်း ခေါ်လေသည်။ ထိုနဂါး၏အရေကို အသပြာတရာ

ပေး၍ ဆုတ်စေသည်။ အသပြာတထောင်ပေး၍ ချုပ်စေ

သည်။ နဂါးရေကို အင်္ကျီချုပ်၍ ဝတ်ဆင်ရသည့်သူတို့

သည် သူရဲကောင်းမှ ဝတ်ဆင်ရသည်။ ထိုကို အစွဲပြု၍ နောံ

နောင်မင်းတို့လက်ထက် နဂါးကြေးကဲ့သို့ သံကိုလုပ်၍

ချုပ်လေသည်။ ယခု သံကျပ်အင်္ကျီ ခေါ်ဝေါ်လေသည်။

တကောင်းပြည်တွင် အစဉ်ပြောဆိုသုံးဆောင်ကြသည်

မှာ "ရာပေး၍ဆုတ် ထောင်ပေး၍ချုပ်" ဟူ၍ ပြောဆိုကြ

လေသည်။ နဂါးတို့သည် ရေနေဖြစ်လျက် ကြည်းကုန်း

သို့ ရောက်နိုင်သည်၊ ရေ၌ အဘယ်ဆိုဘွယ်ရှိအံ့နည်း အ

ယူရှိ၍ ရေကြောင်းသဘင်ခံသည့်ကာလ လုံခြုံစိမ့်သော

ငှာ ကြေးပြာသာဒ်လုပ်ပြန်၍ လှေတွင်ထည့်သည်။ ရွှေထီး