Page:ရွှေဘုံနိဒါန်း.pdf/64

From Wikisource
Jump to navigation Jump to search
This page has been proofread.

လာသ၏" ဟူ၍၎င်း၊ "တဆူမြတ်စွာ သိန်းဃိုဠ်မှာသို့ တေဇာ

နှံ့မွှေး ဆောင်ရစေဟု ကြံထွေစိတ်တွင်း ရှေ့နောက်

ခင်းမှ ကျည်းမင်းရှိရာ မိန့်အာဏာကြောင့် ခြောက်ဖြာ

ရောင်လွှတ် စွယ်တော်မြတ်ကို ဘုံထွတ်မိုးက နတ်တို့သ

သား စိမ်းမြရောင်ဘိတ် သပိတ်ရတနာ ပြင်လျာနွဲ့နောင်း

သမီးနှောင်းကို လျင်ကြောင်းမကြာ သရောက်လှာ

သည်" ဟူ၍၎င်း၊ "ဇမ္ဗူကျွန်းကို ရံဝန်းများစွာ ကျွန်းငါးရာ

တွင် တပါးဝင်သား ကျော်ထင်ဒီပ သိန်းဃိုဠ်ကလျှင်

ညွန်းထဗျာဒိတ် သုံးလူ့မိတ်၏ သပိတ်စွယ်တော် ပူဇော်

စရာ သကုန်လှာ၍ သည်းချာနှင်းဆက်" ဟူ၍၎င်း စပ်ဆို

လေသည်။ ကျည်းပြည်ကပြာသာဒ်ကို အစွဲပြု၍ ကျည်းပြာ

သာဒ် ခေါ်ဝေါ်သည်။ တကောင်းမင်းလက်ထက် လှေတွင်

ကြေးပြာသာဒ်လုပ်၍ တင်သည်။ ဟံသာဝတီ ဆင်ဖြူရှင်

လက်ထက် သာရဗိမာန်လှေတွင် တင်သည်ကို ကြေးပြာ

သာဒ် ခေါ်ဝေါ်ပြန်သည်။ ကြေးပြာသာဒ်၊ ကျည်းပြာသာဒ်

နှစ်ချက်အခေါ်အဝေါ်အရေးအသား ကွဲပြားသည်မှာ

ကြေးပြာသာဒ်၏ အလုပ်အဆောင် ထားရာအရပ် သုံး

ဆောင်ရာမူလကို ဆင်ခြင်၍ ကြေးပြာသာဒ် ခေါ်ဝေါ်ရေး

သားသင့်သည်။ ကျည်းပြာသာဒ်၏ အလုပ်အဆောင် ထား

ရာအရပ် သုံးဆောင်ရာသို့လိုက်၍ ကျည်းပြာသာဒ် ခေါ်

ဝေါ်ရေးသားသင့်သည်များကို ဆင်ခြင်ထောက်ရှု၍

ကြေးပြာသာဒ်၊ ကျည်းပြာသာဒ် ခေါ်ဝေါ်ရေးသားသင့်

သည်။ (သာရဗိမာန်၊ သာရကာ၊ အီကင်း၊ ကမကော်