Page:ရွှေဘုံနိဒါန်း.pdf/57

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဆောင်ယူပြီးလျှင် နန္ဒကုမာရလည်း ဗာရာဏသီမင်းအား

ဆက်၏။ ကြာနတ်သမီးလေးယောက်ပါကြောင်းကို

လည်း လျှောက်ထား၏။ ဗာရာဏသီမင်းလည်း မှူးမတ်ဗိုလ်

ပါတို့နှင့် ထွက်လေသော် ဗာရာဏသီမင်းထွက်လာသည်

ကို မြင်လျှင် ကြာနတ်သမီးတို့စီးသည့် ပြာသာဒ်လေး

ဆောင်သည် ကောင်းကင်သို့မြင့်၍ ပျံလေ၏။ နန္ဒကုမာရကို

"ခေါ်ပါလော့" ဆိုလျှင် "အရှင့်အား ထိုက်လျောက်သည်ဖြစ်

၍ ဆောင်ယူခဲ့ပါသည်၊ ကံကြမ္မာဘန်ပါလျှင် ခေါ်တော်

မူသည့်ကာလ အထံတော်သို့ ရောက်ပါလိမ့်မည်" လျှောံ

လေသော် ဗာရာဏသီမင်းခေါ်သည်ကို ပြာသာဒ်လေး

ဆောင် မြေသို့မနိမ့် ရှိလေလျှင် နန္ဒကုမာရကို "ခေါ်ပါ

လော့" ဆို၍ နန္ဒကုမာရခေါ်လေသော် လေးဆောင်သော

ပြာသာဒ်တို့သည် ဝါဂွမ်းလဲပွင့်ကျသကဲ့သို့ နန္ဒကုမာရရှေ့

ရောက်လာ၍ နန္ဒကုမာရကို ပြာသာဒ်လေးဆောင်ယှဉ်

လျက် တင်ဆောင်ပြန်လေ၏။ ဗာရာဏသီမင်းတွင်

လည်း သားမြေးမရှိ၍ သား၏အမှတ်ဖြင့် ကြာနတ်သမီး

လေးယောက်နှင့်တကွ နန္ဒကုမာရကို ငါနှင့်အတူ တိုင်း

နိုင်ငံပြည်ရွာကို အုပ်ချုပ်စောင်မ၍ ငါ၏ကိုယ်စား

ဖြစ်စေ နှင်းအပ်၏။ ဗာရာဏသီမင်းမရှိနောက် နန္ဒကုမာရ

မင်းဖြစ်လျှင် ဗာရာဏသီမင်း၏ညီ ကောသမ္ဗီမင်း

၏သမက်ဖြစ်သော သုဒတ္တလည်း နန္ဒကုမာရကို အကြိမ်

ကြိမ်လုပ်ကြံသည်။ အလိုမပြည့် ရှိလေ၏။ နန္ဒကုမာရမင်း

၏ ဘုန်းသမ္ဘာကြောင့် ရုက္ခဇိုဝ်းနတ်တို့ ကုမုဒ္ဒရာကြာ