Page:ရွှေဘုံနိဒါန်း.pdf/58

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရိုးကြာရွက် ကြာမုံကြာပွင့် ကြာချပ်ကြာ

ယပ်တို့ကို ဆောင်ယူ၍ တနေ့မပြတ် နန်းဦး၌ စုပုံဆက်

ထားလေ၏။ ဟိမဝန္တာတောစပ်၌ နားနေခဲ့ဘူးသော

ညောင်ပင်၌ ညောင်စောင့်နတ်ကလည်း ညောင်ညွန့်ညောင်

ရွက်တို့ကို တရက်မကင်း ကုမုဒ္ဒရာကြာပန်းနှင့်အတူ

ဆက်ပို့စုပုံလာ၏။ နန္ဒကုမာရမင်းလည်း ကုမုဒ္ဒရာကြာ

ပန်းကျေးဇူးကြောင့် မင်း၏အဖြစ်ကိုရခြင်း၊ ဘေးအန္တ

ရာယ်ကင်းခြင်း အကြောင်းအကျိုးကို အောက်မေ့ဆင်

ခြင်၍ ထိုကြာရွက်ကို မျက်နှာကြက်ပြုပြီးလျှင် ကြာပွင့်

ကြာချပ်ကြာယပ်တို့ကို ပတ်လည်ဆွဲထားလျက်

ညောင်ညွန့်ညောင်ရွက်တို့ကိုလည်း ကြာချပ်ကြာယပ်၌

ချပ်ကာချပ်ကာ ဆွဲထားရ၏။ တနေ့မပြတ် တရက်မကင်း

လဲလှယ်ရ၏။ "သူကောင်းဖြစ်ရာ ချက်မြှပ်ရာ မိဘတို့

အရပ်ဌာန သုံးပါးသောအရပ်ကို မမေ့အပ်" ဆိုသည်နှင့်

အညီ လေးနွယ်လေးမြွာလေးဖြာသော ကြာမိုးတို့ကို

လေးသွယ်လေးချက်ကန့်၍ ညောင်ခွက်ညောင်ခွတို့ကို

အခြေပြု၍ ခေါင်းရင်းက ကြာရွက်အဖျားလိပ်သည့်

သဏ္ဌာန်၊ ခြေရင်းက ကြာရွက်အရင်းသဏ္ဌာန် နေရာပြု၍

အိပ်၏။ ထိုနေရာကို အခြားနေရာထက် သာလွန်၍မြတ်နိုး

သည်ဖြစ်သောကြောင့် သာလွန်နေရာ သမုတ်သည်။ ရှည်

လျားသဖြင့် သလွန် ခေါ်ဝေါ်လေသည်။ နောက်နောက်